
နေပြည်တော် ဇန်နဝါရီ ၂၃
အမျိုးသားအဆင့် လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Yar Zar Min Industry Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် Yutong အမှတ်တံဆိပ် လျှပ်စစ်သုံးယာဉ် အားသွင်းစက် (80 KW, EV Charger) များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ လာသဖြင့် ယနေ့တွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြု ခဲ့ကြောင်း သိရသည်။
သတင်းစဉ်