တိုကျို ဇန်နဝါရီ ၂၃
လျှပ်စစ်  ပြတ်တောက်မှုကြောင့် ဂျပန်နိုင်ငံ    ခရိုင်များနှင့်   ဂျပန် မြို့တော်ရှိ           ရှင်ကန်ဆန် ကျည်ဆန် ရထားလိုင်း သုံးလိုင်း ကို ဇန်နဝါရီ ၂၃ ရက်က ခေတ္တ ရပ်နားခဲ့ရသည်။ 
ရှင်ကန်ဆန်ကျည်ဆန်ရထား လိုင်း  ခေတ္တခဏ  ရပ်နားခဲ့သည့် အတွက်    တိုကျိုမှ  ဆန်ဒေးသို့ ပြေးဆွဲသည့် တိုဟိုကူရထားလိုင်း၊ တိုကျိုမှ တာကာဆာကီ ပြေးဆွဲ သည့်   ဟိုကူရှီကူနှင့်    ဂျိုအီဆု ရထားလိုင်းများ   ထိခိုက်ခဲ့သည်။ ဂျပန်နိုင်ငံအရှေ့ပိုင်း ရထားလိုင်း ကုမ္ပဏီက အဆိုပါရထားလမ်းပိုင်း ရှိ     ရထားဝန်ဆောင်မှုများကို တစ်နေကုန် ရပ်နားထားမည်ဖြစ် ကြောင်း ပြောခဲ့သည်။ 
ဂျပန်နိုင်ငံ အရှေ့ပိုင်းရထား လိုင်းက ရထားလိုင်းများ ရပ်နား ထားခြင်းသည် ဇန်နဝါရီ ၂၃ ရက် နံနက် ၁၀ နာရီမတိုင်မီ လျှပ်စစ် ပြတ်တောက်မှုကြောင့်    ဖြစ် ကြောင်း  ပြောသည်။ ရထားလိုင်း ကုမ္ပဏီက  ယူအီနိုနှင့်  အိုမီယာ ဘူတာရုံကြား လျှပ်စစ်သွယ်တန်း ထားသည့်   ဓာတ်အားလိုင်းများ တန်းလန်းကျနေသည်ကို ဓာတ်ပုံ ထဲတွင် ဖော်ပြထားသည်။ 
ကုမ္ပဏီသည် အမှုထမ်းများကို ပြင်ဆင်မှုများလုပ်နိုင်ရန် အခင်း ဖြစ်ပွားရာနေရာသို့  စေလွှတ်ခဲ့ သည်။    သို့သော်လည်း   တွဲဖက် ကုမ္ပဏီတစ်ခုမှ     အလုပ်သမား တစ်ဦးသည်    ဓာတ်လိုက်ခဲ့ပြီး ကျန်တစ်ဦးမှာ မီးလောင်မှုဒဏ်ရာ များ ခံစားခဲ့ရသည်။ ၎င်းတို့နှစ်ဦး လုံးကို ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ သည်။ အလုပ်သမားများ၏ အခြေ အနေနှင့်ပတ်သက်ပြီး မသိရသေး ချေ။
 
အင်န်အိတ်ချ်ကေ 
      


