နေပြည်တော် ဇေယျာသီရိမြို့နယ် အထက -၂ ၌ ပညာရေးစုံညီပွဲတော် ကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၂၃


နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်  (၂) အခြေခံပညာအထက်တန်း ကျောင်း၏  ပညာရေးစုံညီပွဲတော်အခမ်းအနားကို   ယနေ့နံနက်က   အဆိုပါ ကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်  မြို့နယ်ပညာရေးမှူး   ဦးခင်မောင်လွင်၊ ကျောင်း အကျိုးတော်ဆောင်   ဗိုလ်မှူးကြီးကျော်လှိုင်တို့က   အမှာစကား ပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးအောင်မိုးက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ကျောင်းသူ ကျောင်းသားများက တေး သီချင်းများ သီဆိုခြင်းနှင့် တေးသီရုပ်ဖော်များဖြင့်  ဖျော်ဖြေတင်ဆက် ကပြကြသည်။ 


အခမ်းအနားတွင်  တိုင်းအဆင့်၊ မြို့နယ်အဆင့် ပညာရည်ထူးချွန် ဆု ရရှိကြသည့် ကျောင်းသား ကျောင်းသူများ၊ အားကစားဆုရရှိသူများ နှင့်  ထူးချွန်ဆုရ ဆရာ ဆရာမများကို  ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။


အခမ်းအနားကို Grade-10 ကျောင်းသား ကျောင်းသူများ၏ ဘက်စုံ ပညာကိုရည် တို့လှမ်းချီသီချင်းဖြင့် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။


သုခဟန်