YPS စက်မဖွင့်သော YBS ယာဉ်များအား သက်ဆိုင်ရာယာဉ်လိုင်းများနှင့် ပူးပေါင်းကာ ချက်ချင်းစစ်ဆေးပြင်ဆင်ပြီးအရေးယူပေးနေ

 

ရန်ကုန် ဇန်နဝါရီ ၂၃
YPSကတ်ဖြင့် ‌ပေးချေအသုံးပြုနိုင်သည့် YBS ယာဉ် လိုင်းများတွင် စက်မဖွင့်ထားပါက ကားနံပါတ်နှင့် ယာဉ်အမှတ်ကို     ပေးပို့အကြောင်းကြားလျှင် သက်ဆိုင်ရာယာဉ်လိုင်းများနှင့် ပူးပေါင်းဆောင် ရွက်ကာ ချက်ချင်းစစ်ဆေးပြင်ဆင်အရေးယူပေးနေကြောင်း Yangon Payment Service-YPS ထံ မှ သိရသည်။ ခရီးသည်တစ်ဦးက YBS ယာဉ်လိုင်း အချို့ စက်ပိတ်ထားမှုနှင့်ပတ်သက်၍ Yangon Payment Service-YPS ၏ လူမှုကွန်ရက် ဖေ့စ် ဘွတ်စာမျက်နှာထက်တွင်         စစ်ဆေးပေးရန် မှတ်ချက်ပြုထားသည့်အပေါ် အထက်ပါအတိုင်းဖြေကြားပေးထားခြင်းဖြစ်သည်။
“YPSကတ်ဖြင့် ‌ပေးချေအသုံးပြုနိုင်တဲ့ YBS ယာဉ်လိုင်းများ စက်မဖွင့်ထားတာတွေကိုလည်း သက်ဆိုင်ရာယာဉ်လိုင်းများနှင့် ပူးပေါင်းဆောင် ရွက်ပေးနေပါတယ်။      ကားနံပါတ်နှင့်ယာဉ် အမှတ်မှတ်ခဲ့ပေးရင် ချက်ချင်းစစ်ဆေး ပြင်ဆင်ပြီး အရေးယူပေးပါတယ်‌” ဟု  ရေးသားဖြေကြားထား ခြင်းဖြစ်သည်။
Yangon Payment Service -YPS နှင့် ပတ်သက်၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ရရှိနိုင်ရန် ကြိုးစားဆောင်ရွက်ပေးသွားမည်ဟု Yangon Payment Service-YPSက ဖြေကြားရာတွင်ထည့်သွင်းရေးသားထားသည်။ လက်ရှိတွင် YBS ယာဉ်စီးသူများအနေဖြင့်   ယာဉ်စီးခနှင့် ပတ်သက်၍ အခက်အခဲမဖြစ်စေရန် YPS Card ကိုအသုံးပြုနိုင်သကဲ့သို့  မိုဘိုင်းဖုန်းဖြင့်   စကင် ဖတ်ကာ  ငွေပေးချေနိုင်မည့်  YPS QR Codeကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
YPS QR Code ကို ဇန်နဝါရီ  ၁၁ ရက်ကYBS 13,YBS 55,YBS 57ယာဉ်လိုင်းတွင်လည်းကောင်း၊ ဇန်နဝါရီ ၁၈ရက်က YBS 63 ယာဉ်လိုင်းတွင် လည်း ကောင်း၊ ဇန်နဝါရီ ၁၉ရက်က YBS 42,YBS 65တွင် လည်းကောင်း၊ ဇန်နဝါရီ ၂၀ ရက်က YBS 22, YBS 64ယာဉ်လိုင်းတွင်လည်းကောင်း၊   ဇန်နဝါရီ ၂၂ ရက်က YBS 111, YBS 133, YBS 134 တွင် လည်း ကောင်းအသုံးပြုနိုင်ပြီဖြစ်သည်။            MT