မိုးကုတ်မြို့နယ် ပိန်းပြစ်ရွာကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဇန်နဝါရီ   ၂၀
မန္တလေးတိုင်းဒေသကြီး မိုးကုတ် မြို့နယ်     ပိန်းပြစ်ကျေးရွာကို ဇန်နဝါရီ  ၁၈ ရက်က   တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်     ခြောက်နှစ်အရွယ်   ကလေးငယ် တစ်ဦးအပါအဝင်  ပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်းကို    TNLA သောင်းကျန်းသူများထံမှ    သိရ ကြောင်း ကောလာဟလသတင်း များကို တရားမဝင်ပြည်ဖျက်မီဒီ ယာ Khit Thit နှင့် DVB တို့က လူမှုကွန်ရက်တွင်    မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏  ပြောကြား ချက်များအရ   မိုးကုတ်မြို့နယ် ပိန်းပြစ်ကျေးရွာကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိ ပါကြောင်း၊ အကြမ်းဖက်အားပေး ပြည်ဖျက်         မီဒီယာများမှ တပ်မတော်အပေါ်   ဂုဏ်သိက္ခာ ကျဆင်းစေရန်နှင့် ပြည်သူများမှ ကြောက်ရွံ့    ထိတ်လန့်စေရန် အတွက် ကောလာဟလသတင်း အမှားများကို    လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာ  ဖြစ်ကြောင်း သတင်းရရှိသည်။       သတင်းစဉ်