
နေပြည်တော် ဇန်နဝါရီ ၂၀
မိုးမိတ်မြို့သို့ တပ်မတော်မှ လေကြောင်းအသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၁၉ ရက်တွင် မြို့မဈေးရှိ ဆိုင်ခန်း ၃၀၀ ကျော် မီးလောင်ခဲ့သည့်အပြင် နေအိမ်အချို့လည်း မီးလောင်ခဲ့ ကြောင်း သတင်းတု၊ သတင်းမှား များကို တရားမဝင် ပြည်ဖျက် မီဒီယာများက လူမှုကွန်ရက်ပေါ် တွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ KIA နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူများက မိုးမိတ်မြို့အတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး ဆောင်ရွက်လျက်ရှိ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်စခန်းများကို လာရောက် တိုက်ခိုက်လျက်ရှိပြီး မိုးမိတ်မြို့ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သည့်အတွက် ဇန်နဝါရီ ၁၉ ရက် ည ၇ နာရီခန့်တွင် မြို့မဈေးအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူ များသည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ပျက်စီးစေရန် လုပ်ဆောင်လျက်ရှိရာ ယခုဖြစ်စဉ် တွင်လည်း ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် တပ်မတော်အပေါ် ဒေသခံပြည်သူ များမှ အထင်အမြင်လွဲမှားစေရန် အတွက် တရားမဝင်ပြည်ဖျက် မီဒီယာများမှတစ်ဆင့် လူမှု ကွန်ရက် စာမျက်နှာများတွင် သတင်းတု၊ သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်