
မက်ဒရစ် ဇန်နဝါရီ ၂၀
အပြည်ပြည်ဆိုင်ရာခရီးသွားလာမှုမှာ ၂၀၂၄ ခုနှစ် တွင် ကပ်ရောဂါမတိုင်မီကအခြေအနေသို့ ပြန်လည် ရောက်ရှိမည်ဟု ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့အစည်း (UNWTO) က ဇန်နဝါရီ ၁၉ ရက်က ပြောသည်။
၂၀၂၃ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် နိုင်ငံတကာ မှ ခရီးသွား ၁ ဒသမ ၃ ဘီလီယံမှာ ခရီးသွားလာခဲ့ကြ သည်ဟု ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ အစည်း၏ တိုင်းတာမှုများက ပြသလျက်ရှိသည်။ အဆိုပါပမာဏမှာ ကပ်ရောဂါကာလမတိုင်မီက အခြေအနေ၏ ၈၈ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက် ရှိသည်။
အာရှဈေးကွက်တွင် ပိုမိုအားကောင်းလာမှုနှင့် လေကြောင်းလိုင်းများ ဆက်သွယ်မှုပိုမိုအားကောင်း လာခြင်းတို့ကြောင့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ခရီးသွားလုပ်ငန်းအပြည့်အဝ ပြန်လည်ကောင်းမွန် လာမည်ဟု မျှော်လင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ခရီးသွားလုပ်ငန်း လျင်မြန်စွာ နာလန်ထလာမှုနှင့်အတူ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကပ်ရောဂါဖြစ်ပွားမှုကာလမတိုင်မီက အရေအတွက် အတိုင်း ခရီးသွားလာမှုပြန်လည်ဖွံ့ဖြိုးလာမည်ဟု မျှော်လင့်ထားကြောင့် ကုလသမဂ္ဂကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူးချုပ် ဇူရပ်ဘ်ပိုလိုလီကာရှီဗီလီက ပြောသည်။
ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထလာမှုနှင့် အတူ စီးပွားရေး၊ အလုပ်အကိုင်နှင့် အသိုက်အဝန်း အတွက် အခွင့်အလမ်းများကိုပါ သက်ရောက်မှုရှိလာ မည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံအထိ ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။
ဆင်ဟွာ