
နေပြည်တော် ဇန်နဝါရီ ၂၀
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင် ဇေယျသည် ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)၌ တာဝန်ရှိသူ များ၊ ကျောင်းသား ကျောင်းသူများ နှင့် တွေ့ဆုံ၍ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန် တကယ်အားထားရသည့် နည်း ပညာရှင် လူငယ်ကောင်းများ ပေါ်ထွန်းလာစေရေး ကြိုးပမ်း ဆောင်ရွက်ရန်၊ ပြောင်းလဲတိုးတက် နေသောနည်းပညာအရွေ့နှင့်အတူ လိုက်ပါနိုင်ရေး အလေးထားဆောင် ရွက်ရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် ဘာသာရပ်အလိုက်ကျောင်း သား ကျောင်းသူများ၏ သုတေ သန Project Show ကို ကြည့်ရှု အားပေးကာ ပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု သုတေသန စီမံကိန်းများဖြင့် ရှင်သန်သက်ဝင် လျက်ရှိသော သုတေသနအခြေပြု နည်းပညာတက္ကသိုလ် ဖြစ်စေရေး ဆက်စပ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ ပြည်တွင်း/ပြည်ပ နည်းပညာပြိုင်ပွဲများတွင် ဝင် ရောက်ယှဉ်ပြိုင်ရန် မှာကြားသည်။
ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ပိုင်းတွင် ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ် (မန္တလေး)သို့ရောက်ရှိပြီး အေးချမ်းပျော်ရွှင် စွာ ပညာသင်ကြားလျက်ရှိကြ သော ကျောင်းသား ကျောင်းသူ များကို ကြည့်ရှုအားပေးကာ စာကြည့်တိုက်နှင့် ကျောင်းဝင်း အတွင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် နည်းပညာတက္ကသိုလ် (ကျောက်ဆည်)သို့ ရောက်ရှိပြီး ဆောင်းရာသီ ဘောလုံးအားကစား ပြိုင်ပွဲ လျှပ်စစ်စွမ်းအားအင်ဂျင် နီယာဌာနအသင်းနှင့်မြို့ပြအင်ဂျင် နီယာဌာနအသင်းတို့ ယှဉ်ပြိုင် နေမှုကို ကြည့်ရှုအားပေး၍ တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်ချက်တင်ပြမှု များကို ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
ဒုတိယဝန်ကြီးသည် ယမန် နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပ ပြုလုပ်သော ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်၊ နည်းပညာတက္ကသိုလ် များနှင့် ကွန်ပျူတာတက္ကသိုလ်များ ၏ တက္ကသိုလ်ပေါင်းစုံအားကစား ပြိုင်ပွဲ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့တက်ရောက်ပြီး သက်ဆိုင် ရာ ဆပ်ကော်မတီအလိုက် တာဝန် ရှိသူများ၏ လုပ်ငန်းဆောင်ရွက် ထားရှိမှု တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက် မှာကြားကြောင်း သိရသည်။
သတင်းစဉ်