
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြားများ ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် ရွှေစင်ရွှေပြား (၁) ချပ် (အရွယ် တစ်ပေ x တစ်ပေ)အလေးချိန် ရွှေတစ်ကျပ်သားအတွက် ၂၅,၀၀,၀၀၀/- (ကျပ် နှစ်ဆယ့်ငါးသိန်းတိတိ) ဖြင့် သဒ္ဓါတတ်အားနည်းများမဆို ကုသိုလ်ပါဝင် လှူဒါန်းနိုင်ပါရန်နှင့် ကုသိုလ်ပါဝင်လှူဒါန်းလိုပါက ပျဉ်းမနားမြို့ မြန်မာ့စီးပွား ရေးဘဏ် ရွှေသင်္ကန်း ငွေစာရင်းအမှတ် CF.000873 သို့ ပေးပို့၍ ကုသိုလ် ပါဝင် လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။ လှူဒါန်း လိုသူများအနေဖြင့် ဦးမောင်မောင် ဒုတိယမြို့တော်ဝန် နေပြည်တော်စည်ပင် သာယာရေးကော်မတီ ၀၉-၄၀၄၄၃၄၄၉၉၊ ဦးထွန်းကြည် ဂေါပကအဖွဲ့ဝင် ဥပ္ပါတသန္တိစေတီတော် ၀၉-၅၁၃၅၆၉၈ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။