ထားဝယ်မြို့ မောင်မယ်ရှောင်ကျေးရွာအနီးတွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများဖမ်းဆီးခံရကြောင်း သတင်းတု၊ သတင်းမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော် ဇန်နဝါရီ ၁၉ 
တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့  မောင်မယ်ရှောင်ကျေးရွာအနီး တွင် ဇန်နဝါရီ ၁၈ ရက်က လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် PDF အမည် ခံ     အကြမ်းဖက်သောင်းကျန်းသူ များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ    ဆယ်နဲ့ချီ     ဖမ်းဆီးခဲ့ ကြောင်းနှင့်   မောင်မယ်ရှောင် ကျေးရွာမှ  ဆိုင်ကယ်  ခုနစ်စီး ထက်မနည်း      ယူဆောင်သွား ကြောင်း   သတင်းတု၊   သတင်းမှား များကို       လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါ  သတင်းနှင့်ပတ်သက် ၍         သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ  တစ်ဦး၏ ပြောကြားချက်အရ    ယင်းနေ့ တွင်    မောင်မယ်ရှောင်ကျေးရွာ အနီး   နယ်မြေလုံခြုံရေးဆောင် ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အကြမ်းဖက်သောင်းကျန်း သူများ   ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ သော်လည်း  ဒေသခံပြည်သူများ အား ဖမ်းဆီးခဲ့ခြင်း မရှိကြောင်းနှင့် ပြည်သူများ၏  ပစ္စည်းဥစ္စာများကို ယူဆောင်ခြင်းမရှိကြောင်း   သိရှိ ရသည်။
နယ်မြေတည်ငြိမ်အေးချမ်း ရေးနှင့် လုံခြုံရေးဆောင်ရွက်လျက် ရှိသည့်   လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် ပြည်သူများက  အထင်အမြင် လွဲမှားစေရန်နှင့်       ဂုဏ်သိက္ခာ ကျဆင်းစေရန်အတွက်   တရား မဝင်ပြည်ဖျက်  မီဒီယာများက ဖြစ်စဉ်၊  ဖြစ်ရပ်များကို အခြေခံ၍ ၎င်းတို့လိုရာ ရေးသားပြီး သတင်း အမှားများကို လူမှုကွန်ရက်တွင် ဖြန့်ဝေနေခြင်းသာ    ဖြစ်ကြောင်း သတင်းရရှိသည်။     သတင်းစဉ်