
နယူးယောက် ဇန်နဝါရီ ၁၉
ပြီးခဲ့သည့် သီတင်းပတ်မှစတင် ကာ ပြင်းထန်သည့် အအေးဒဏ် ရာသီဥတုကြောင့် နိုင်ငံအတွင်း သေဆုံးသူ ၄၀ ထက်မနည်း ရှိသည်ဟု အမေရိကန်မီဒီယာ တွင် ဖော်ပြသည်။
အမေရိကန် ပြည်ထောင်စုရှိ နေရာဒေသ တော်တော်များများ တွင် အအေးလှိုင်းဒဏ်ကြောင့် အပူချိန်ကျဆင်းမှု၊ နှင်းများ ထူထပ်စွာကျဆင်းမှုနှင့် လေပြင်း များတိုက်ခတ်မှုတို့ ဖြစ်ပေါ်နိုင် သည်ဟု မိုးလေဝသအရာရှိက သတိပေးထားသည်။
သေဆုံးသူများမှာ နယူး ယောက်၊ အီလီနွိုက်နှင့် အော်ရီဂွန် ပြည်နယ်တို့မှ ဖြစ်ကြသည်။ အော်ရီဂွန်ပြည်နယ် ပို့တ်လန်း တွင် ဇန်နဝါရီ ၁၇ ရက်က ဆီးနှင်း မုန်တိုင်းအတွင်း ကားပေါ်သို့ ဓာတ်ကြိုးပြတ်ကျကာ လူသုံးဦး သေဆုံးခဲ့ရသည်။
၎င်းတို့ကို မော်တော်ကား အတွင်းမှ ထုတ်ယူသည့်အခါ ဓာတ်လိုက် သေဆုံးနေသည်ဟု ယူဆရကြောင်း မီးသတ်ဌာနက ပြောသည်။ လမ်းများမှာလည်း ရေခဲများနှင့် ဖုံးလွှမ်းနေပြီး လူသွားစင်္ကြံများမှာလည်း နှင်း များဖြင့် ပြည့်နေသဖြင့် အဆိုပါ နေရာတွင် လမ်းလျှောက်သွား ရန်ပင် မလွယ်ကူဟု သတင်းများ တွင် ဖော်ပြထားသည်။
အေးခဲသည့် အအေးဒဏ် ကြောင့် အီလီနွိုက်ပြည်နယ်ရှိ လျှပ်စစ်ကားပိုင်ရှင်များ အခက် ကြုံနေရသည်။ အအေးဒဏ် ကြောင့် ဘက်ထရီကုန်သွားသဖြင့် အချို့ကားများ သောင်တင်နေကြ ရသည်။
အားသွင်းရုံ များတွင်လည်း ကားတန်းရှည်ကြီးဖြင့် အားသွင်း နိုင်ရန် စောင့်ဆိုင်းနေကြသည် ကို တွေ့မြင်ရသည်။ ယခု သီတင်း ပတ်အတွင်း နေရာတော်တော် များများတွင် ရေခဲနေသည့်လမ်း များနှင့် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုနှင့် ကြုံတွေ့ရဦးမည်ဟု မိုးလေဝသအရာရှိများက သတိပေး ထားသည်။
အင်န်အိတ်ချ်ကေ