ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီ၏ (၆)ထပ်ရုံးအဆောက်အဦသစ်နှင့် ဗဟိုသားဖွားသင်တန်းကျောင်း(ရန်ကုန်) RC (၅)ထပ် အုပ်ချုပ်ရေးနှင့် စာသင်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများတက်ရောက်

 

နေပြည်တော် ဇန်နဝါရီ ၁၉


မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီ၏ (၆)ထပ်ရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ဗဟန်းမြို့နယ်၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းကို  အမွှေးနံ့သာရည်များ  ပက်ဖျန်းပေးကြသည်။     
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ ကျန်းမာရေး ရည်မှန်းချက်များကို        အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွား ကောင်စီသည်  အထောက်အကူပြုပံ့ပို့ပေးလျက်ရှိ သည့်   အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊   ထို့ပြင် သူနာပြုနှင့်သားဖွားများ၏ စည်းကမ်းပိုင်းဆိုင်ရာနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာများကို  ထိန်းသိမ်းစောင့်ရှောက် သည့် (Regulatory Body) အဖွဲ့အစည်းကြီးလည်း ဖြစ်ပါကြောင်း၊   မြန်မာနိုင်ငံ  သူနာပြုနှင့်သားဖွား ကောင်စီအနေဖြင့် ဒေသတွင်းနှင့် အာဆီယံနိုင်ငံများ နှင့်တန်းတူ   သူနာပြုနှင့်သားဖွားများ၏   အရည် အသွေးများ  ဖွံ့ဖြိုးတိုးတက်စေရေး၊  နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်၊ ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊        သူနာပြုနှင့်သားဖွား သင်တန်းကျောင်းများကို      အသိအမှတ်ပြုလွှာ  (Initial Accreditation Status)များ ပေးအပ်နိုင် ခဲ့ခြင်း၊   စဉ်ဆက်မပြတ်   လေ့လာသင်ယူခြင်း (Continuing Professional Development - CPD) စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင် ခဲ့ခြင်းတို့အတွက်        ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။   
ယင်းနောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား    ပြောကြားပြီး   (၆) ထပ်ရုံး အဆောက်အဦ တည်ဆောက်သည့် မှတ်တမ်းဗီဒီယို ကိုပြသကာ ပြည်ထောင်စုဝန်ကြီး၊  တိုင်းဒေသကြီး ဝန်ကြီးချုပ်၊    မြန်မာနိုင်ငံ    သူနာပြုနှင့်သားဖွား ကောင်စီဥက္ကဋ္ဌတို့က    အလှူရှင်များကို    ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်၍  မြန်မာနိုင်ငံ   သူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က ကျေးဇူးတင် စကားပြောကြားသည်။  
ဆက်လက်၍  ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီး ချုပ်က   မြန်မာနိုင်ငံ  သူနာပြုနှင့်သားဖွားကောင်စီ ဥက္ကဋ္ဌထံသို့ ထောက်ပံ့ငွေပေးအပ်ပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်  အဆောက်အဦသစ်အတွင်းရှိ သူနာပြုနှင့်သားဖွားများ၏ အရည်အသွေးစစ်ဆေး ခန်းများ၊ စာကြည့်တိုက်များ၊ မှတ်တမ်းထိန်းသိမ်း ထားရှိသည့်    အခန်းများကို    လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊  ဗဟိုသားဖွား သင်တန်းကျောင်း(ရန်ကုန်) RC (၅)ထပ် အုပ်ချုပ်ရေး နှင့်   စာသင်ဆောင်သစ်    ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ   ပြည်ထောင်စုဝန်ကြီး၊  တိုင်း ဒေသကြီး   ဝန်ကြီးချုပ်၊   ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်တို့က RC (၅)ထပ် အုပ်ချုပ်ရေးနှင့်  စာသင်ဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ပည်း မော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြ သည်။  
ယင်းနောက်   ပြည်ထောင်စုဝန်ကြီးက  ယခု သင်တန်းကျောင်းသည်      သူနာပြုနှင့်သားဖွား သင်တန်းကျောင်း ၅၃ ကျောင်းအနက် နှစ်ပေါင်း၁၂၀ ကျော်ရှိပြီဖြစ်သည့်  သက်တမ်းအရှည်ဆုံးကျောင်း ကြီးဖြစ်ပါကြောင်း၊ ကျောင်းကြီး ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်နှင့် ခေတ်နှင့်လျော်ညီစေရန် ယခုလို RC (၅) ထပ် အုပ်ချုပ်ရေးနှင့် စာသင်ဆောင် အဆောက်အဦ အသစ်ကြီးကို နိုင်ငံတော်ဘဏ္ဍာငွေကျပ် ၉၄၅ ဒသမ ၇ သန်း အကုန်ကျခံတည်ဆောက် ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် ဗဟိုသားဖွားသင်တန်းကျောင်း (ရန်ကုန်)သည်   မြန်မာနိုင်ငံ   သူနာပြုနှင့်သားဖွား ကောင်စီမှ “Initial Accreditation Status” အသိအမှတ်ပြုလွှာကိုရရှိခဲ့သည့် ကျောင်းတစ်ကျောင်း ဖြစ်သည့်အတွက် ဂုဏ်ယူပါကြောင်းနှင့်နိုင်ငံတော် နှင့်ပြည်သူလူထုအတွက် တန်ဖိုးရှိလှသည့်  အရည် အသွေးပြည့်ဝသော     သားဖွားဆရာမများအား စဉ်ဆက်မပြတ်      ဆက်လက်မွေးထုတ်သွားရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။   
ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ဂုဏ်ပြုအမှာစကား   ပြောကြားပြီး  ဗဟိုသားဖွား သင်တန်းကျောင်း(ရန်ကုန်)   ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။ 
ထို့နောက် တိုင်းဒေသကြီး  ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ကို သင်တန်းကျောင်း သို့ ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် RC(၅)ထပ်  အုပ်ချုပ်ရေးနှင့်   စာသင်ဆောင်သစ်ရှိ စာသင်ခန်း၊ လက်တွေ့ခန်းများ၊  ကွန်ပျူတာခန်းများတွင် သားဖွား သင်တန်းသူများ သင်ထောက်ကူပစ္စည်း များအသုံးပြု ၍လေ့ကျင့်သင်ကြားနေမှုများကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်