စားသုံးသူ တိုးပွားလာမှုနှင့်အတူ ပဲတီစိမ်းမှာ ပြည်ပဈေးကွက်တွင် ဝယ်လိုအား ကောင်းနေ

 

ရန်ကုန် ဇန်နဝါရီ ၁၉


စားသုံးသူ တိုးပွားလာမှုနှင့် အတူ ပဲတီစိမ်းမှာ ပြည်ပဈေးကွက်တွင် ဝယ်လိုအား ကောင်းနေကြောင်း GLC Myanmar  ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

“တောင်သူတွေက    မတ်ပဲ ပြောင်းစိုက်ကြတော့ ပဲတီစိမ်းစိုက် ဧက  နည်းလာတယ်။    နည်းတဲ့ အချိန်   တရုတ်ရော၊    ဂျပန်ရော၊ အခြား အနောက်နိုင်ငံတွေကပါ ဝယ်တာရှိတော့    ပဲတီစိမ်းဈေး ကွက်က တောက်လျှောက် အတက် ပြသွားတာပေါ့။ ပဲတီစိမ်းက အခု အသစ်ထွက်လာတယ်     ဆိုရင် ကျွန်တော်အောက်မှာ ရှစ်သောင်း ပေါ့။ တချို့ကတော ခုနစ်သောင်း၊ ရှစ်သောင်း၊ ကိုးသောင်းရှစ်ထောင် လောက်     ဝယ်နေကြတာပေါ့။ ပြည်ပဝယ်လိုအားလည်း   တက် တာပေါ့” ဟု အထက်ပါ တာဝန် ရှိသူက ဆိုသည်။


ပဲတီစိမ်းဈေးကွက်တွင် ကမ္ဘာ့ စားသုံးသူဦးရေ ကြီးထွားလာမှုနှင့် အတူ ၂၀၂၂ ခုနှစ်ကစ၍   နှစ်စဉ် လိုအပ်ချက်  မြင့်တက်လာနေပြီး ဈေးနှုန်းလည်း  ယခင်ထက်  ပိုမို ကောင်းမွန်လာမည့် အခြေအနေရှိ နေကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။
“ပဲတီစိမ်း    အထွက်များတဲ့ နိုင်ငံတွေမှာ မြန်မာနိုင်ငံပါနေတာ ပေါ့။ ဒီ၂၀၂၄  အတွင်းမှာတော့ ပဲတီစိမ်းဈေးတက်မယ်လို့    မှန်း တယ်။ စိုက်ဧက   နည်းသွားတာ လည်း   ပါတာပေါ့” ဟု    ၎င်းက ဆိုသည်။


ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ မှစတင်ကာ   နိုဝင်ဘာလအထိ ပဲတီစိမ်းဈေးကွက်  အေး‌နေခဲ့ပြီး ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးဘက်မှ တောင်သူ များသည်    ပဲတီစိမ်းစိုက်ပျိုးမှု နည်းပါးခဲ့ကာ အိန္ဒိယနိုင်ငံဘက် က  အဝယ်လိုက်နေသော  မတ်ပဲ ကို ပိုမို စိုက်ပျိုးခဲ့ကြကြောင်းလည်း သိရသည်။                

သစ်တော်