
ဂူဂျာရတ် ဇန်နဝါရီ ၁၈
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ပြည်နယ်တစ်ခုဖြစ်သည့် ဂူဂျာ ရတ်ပြည်နယ် ဗာဒိုဒါရာဒေသ ဟာနီရေကန်တွင် ဇန်နဝါရီ ၁၈ ရက်က ကိုယ်ပိုင်ကျောင်း တစ်ကျောင်းက စီစဉ်သော လေ့လာရေး ခရီးစဉ်အတွင်း လှေတစ်စင်းနစ်မြုပ်ခဲ့ရာ ကျောင်း သားလူငယ် အများစုအပါအဝင် ၁၂ ဦးထက်မနည်း ရေနစ်ခဲ့ပြီး ကျောင်းသားလူငယ် သုံးဦးနှင့် ဆရာ ဆရာမ နှစ်ဦး သေဆုံးခဲ့ ကြောင်း အရာရှိများကပြောသည်။
အမျိုးသား သဘာဝဘေး အန္တရာယ်တုံ့ပြန်ရေး တပ်ဖွဲ့က လှေနစ်မြုပ်ချိန်တွင် လှေပေါ်၌ လူ ၂၇ ဦး ဝန်းကျင်လိုက်ပါလာ ခဲ့ကြောင်း ပြောသည်။ ကလေး ၁၉ ဦးနှင့် ဆရာ ဆရာမ လေးဦး ကို လှေနစ်မြုပ်မှုမှ ကယ်ဆယ် နိုင်ခဲ့သော်လည်း ပျောက်ဆုံးနေ သော ကျောင်းသားလူငယ် လေးဦးကို ဆက်လက်ရှာဖွေ လျက်ရှိသည်။
ရေနစ်သူများကို အလျင် အမြန် ပို့ဆောင်ခဲ့သော အက်စ် အက်စ်ဂျီဆေးရုံက အသက် ၁၅ နှစ်အရွယ်ကျောင်းသားတစ်ဦး၊ ကျောင်းသူနှစ်ဦးနှင့် အသက် ၄၅ နှစ်အရွယ်ဆရာ ဆရာမ နှစ်ဦးကို သေဆုံးလျက်ဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အသက် ၁၃ နှစ်အရွယ် ကျောင်း သားတစ်ဦးကို အရေးပေါ်ဆေး ကုသမှုများ ပြုလုပ်ပေးရသည်။ ရေကန်အောက်ခြေတွင် နုန်းများ ထူထပ်နေခြင်းက ကယ်ဆယ် ရေးလုပ်ငန်းများကို အခက် တွေ့စေကြောင်းနှင့် တချို့ရေနစ် မြုပ်သူများ နုန်းအောက်တွင် နစ်မြုပ်နိုင်သည့်အပေါ် စိုးရိမ် လျက်ရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် တုံ့ပြန် ရေးတပ်ဖွဲ့က ပြောသည်။
ဂူဂျာရတ်ပြည်နယ် ဝန်ကြီး ချုပ် ဗူပန်ဒရာ ပါတယ်က လူမှု ကွန်ရက် စာမျက်နှာဖြစ်သော အိက်စ်ပေါ်တွင် လှေနစ်မြုပ်သည့် ဖြစ်ရပ်သည် အလွန်ပူဆွေး ဝမ်းနည်းဖွယ်ဖြစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လှေနစ်မြုပ်မှုတွင် သေဆုံးခဲ့ သော အပြစ်ကင်းသည့် ကလေး များ၏ စိတ်ဝိညာဉ်များအတွက် ဆုတောင်းမေတ္တာများ ပို့သပါ ကြောင်းနှင့် ယခုအချိန်တွင် နာကျင်ကြေကွဲနေသည့် မိသားစု များထံ ဝမ်းနည်းကြောင်း သဝဏ် လွှာ ပေးပို့ကြောင်းနှင့် ယခုခံစား နေရသည့် ဝေဒနာများကို သက်သာဖြေသိမ့်ရန် ဘုရားသခင် က ခွန်အားများ ပေးသနားတော် မူပါစေဟု ဆုတောင်းပေးခဲ့သည်။
ဆင်ဟွာ
သည်အင်ဒီးယန်းအိတ်စ်ပရက်စ်