MGMA က ကြီးမှူးဖွင့်လှစ်သည့် အခြေခံမော်တာစက်ချုပ်သင်တန်းမှတစ်ဆင့် လူဦးရေ သောင်းဂဏန်းဝန်းကျင်အထိ အလုပ်အကိုင်ချိတ်ဆက်ပေးနိုင်ခဲ့

 

ရန်ကုန်  ဇန်နဝါရီ   ၁၈


မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)က ကြီးမှူး ပြီး အခြေခံ   မော်တာစက်ချုပ် သင်တန်းကို   ဖွင့်လှစ်ပြီးနောက် အထည်ချုပ်လုပ်ငန်းရှင်နှင့် အထည် ချုပ်စက်ရုံ၌   လုပ်ကိုင်လိုသူများ အကြား အလုပ်အကိုင်များ ချိတ် ဆက်ပေးလျက်ရှိရာ    လူဦးရေ သောင်းဂဏန်း    ဝန်းကျင်အထိ အလုပ်အကိုင်ချိတ်ဆက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါသင်တန်း ကျောင်းမှ သိရသည်။


အခြေခံ    မော်တာစက်ချုပ် သင်တန်းအမှတ်စဉ်တစ်ခုတွင် လူဦး ရေ ၂၀၊ ၄၀၊ ၅၀၊ ၈၀   စသည်ဖြင့် တက်ရောက်သူများရှိပြီး သင်တန်း သားများအနေဖြင့် ရန်ကုန်အပြင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊   ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊    ရခိုင်ပြည်နယ် စသည့်နေရာဒေသများမှ  တက် ရောက်သူများရှိကြောင်း အထက်ပါ သင်တန်းကျောင်းမှ       သင်တန်း နည်းပြ   ဆရာမတစ်ဦးက   ပြော သည်။


အဆိုပါသင်တန်းကို အလုပ် အကိုင်အခွင့်အလမ်းများ  ဖန်တီး ပေးနိုင်ရန်ရည်ရွယ်ကာ ဖွင့်လှစ် ခြင်းဖြစ်ပြီး    သင်တန်းကာလ ပြီးဆုံးပါက MGMA တွင် အသင်း ဝင်ထားသည့် အထည်ချုပ်စက်ရုံ များနှင့် နယ်ဝေးမှအလုပ်အကိုင် ရှာဖွေနေသူများ၊ အထည်ချုပ်စက်ရုံ များတွင်လုပ်ကိုင်ရန် စိတ်ဝင်စားသူ တို့အကြား  ချိတ်ဆက်ကာ အလုပ် ရရှိရန် ကူညီပေးနေကြောင်း သိရ သည်။


“သင်တန်းပြီးဆုံးရင် အလုပ် အကိုင်အနေနဲ့က   MGMA  မှာ member ဝင်ထားတဲ့ အထည်ချုပ် စက်ရုံတွေနဲ့ချိတ်ဆက်ပေးတယ်။ ဒီသင်တန်းပြီးသွားရင် စက်ရုံတွေ က လူခေါ်ရင်  အဲဒီစက်ရုံတွေကို ပို့ပါတယ်။  ၂၀၁၂ ဝန်းကျင်လောက် ကစပြီးအခုဆိုရင် လူဦးရေသောင်း ဂဏန်း    ဝန်းကျင်လောက်အထိ အလုပ်အကိုင်တွေ ချိတ်ဆက်ပေး ပြီးပါပြီ။ သင်တန်းသားတွေထဲမှာ တချို့က စက်ရုံမှာလုပ်တဲ့သူတချို့ရှိတယ်။  ကိုယ်ပိုင်အိမ်မှာယူပြီး ချုပ်တာလေးတွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။


မြန်မာနိုင်ငံ    အထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) မှ ကြီးမှူးပြီး   အခြေခံမော်တာ စက်ချုပ်သင်တန်း    အမှတ်စဉ် (၂၃၂) ကိုလည်း ဇန်နဝါရီ ၂၂ ရက် မှ ဖေဖော်ဝါရီ ၉ ရက်အထိ မြန်မာ နိုင်ငံ        အထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးရေး စင်တာ (MGHRDC)တွင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း      သိရ သည်။


MT