
နေပြည်တော် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်များအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ၂၅ ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၃၀ တို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည်။
ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက် ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင် များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ် ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့် ဖြင့် အောင်မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်း ဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက် စာရုံစေတီတော်များ တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေး ဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင် ခဲ့မှု အခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အောင်မြင် စွာ တည်ထားပူဇော်နိုင်ရန် အဆင့် ဆင့် ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းကို ပြသသည်။
ထို့နောက် ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များက ရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ပူဇော် ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းပြောကြား ပေးမှုများအပေါ် ကျေးဇူးတင် စကားများ ပြောကြားကြသည်။ ထို့နောက် ဘုရားဖူးလာ ဂေါပက အဖွဲ့ဝင်များက ရုပ်ပွားတော်မြတ် ကြီး အောင်မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင် များသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။ ဆက် လက်၍ ဘုရားဖူးလာဂေါပက အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား သွား ရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ တိုက်များအတွင်း၌ ဖူးမြော် လေ့လာကြသည်။ ထို့နောက် မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓ ဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပ ခဲ့သည့် မဟာမင်္ဂလာအခမ်းအနား များတွင် အသုံးပြုခဲ့သော ပစ္စည်း များ၊ မာရဝိဇယဆင်းတုတော်ကြီး အား အစိတ်အပိုင်း လေးပိုင်းခွဲ၍ တည်ဆောက်ထားသော ဆင်းတု တော်ကြီး ပုံစံငယ်များ၊ မြန်မာ့ ရိုးရာ ပန်းဆယ်မျိုးလက်ရာပုံစံ ငယ်များနှင့် မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် ကြီး၊ ကျောက်စာရုံစေတီတော်များ၊ အခြားသာသနိက အဆောက်အအုံ များကို ဖူးမြော်လေ့လာကြည်ညို ခဲ့ကြသည်။
ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိကြသည်။
ယနေ့တွင် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာ ရောက်ဖူးမြော်ခဲ့ကြသည့် ဂေါပက အဖွဲ့ဝင်များ၏ ရင်တွင်းစကားသံ များအား ယခုလို ကြားသိခဲ့ ရသည် -
ဦးညိုလုံး (စူဠာမုနိလောက ချမ်းသာ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ)
ဘုရားကြီးကို တည်ထား ပူဇော်ရတဲ့ ရည်ရွယ်ချက်လေးရပ် မှာ ကိုယ့်ရဲ့ ဘာသာ သာသနာ ပြန့်ပွားဖို့အတွက် နိုင်ငံတော် ဝန်ကြီးချုပ်ကြီးက ဦးဆောင် ဒါယကာအနေနဲ့ ဆောင်ရွက်သွား တာက အင်မတန်မှလေးစားဖွယ်၊ ဂုဏ်ယူဖွယ် ကောင်းပါတယ်။ အတုယူဖွယ်လည်း ကောင်းပါ တယ်။ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရတဲ့အခါမှာ ကိုယ့်အရပ်၊ ကိုယ့်ဒေသမှာ ကိုယ့်ဘာသာ သာသနာပြန့်ပွားအောင် ဆက် လက် ဆောင်ရွက်ဖို့အတွက် အင်အားတွေ ရရှိလာသလို ခံစား ရပါတယ်လို့ ပြောချင်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီး သီးက တန်ခိုးကြီးဘုရားတွေရဲ့ ဂေါပကတွေ လာရောက်ဖူးမြော် ကြတာကို တီဗွီမှာ တွေ့လိုက်ရ တော့ အင်မတန်မှ ဝမ်းသာခဲ့ ပါတယ်။ ကိုယ့်အလှည့်ကို ဘယ် တော့ရောက်မလဲဆိုပြီး မျှော်လင့် ခဲ့မိပါတယ်။ မျှော်လင့်ခဲ့တဲ့အတိုင်း ပဲ အခုအကြီးအကဲတွေက စီစဉ် ပေးတဲ့အတွက် လာရောက် ဖူးမြော်ခွင့်ရခဲ့ပါပြီ။ ထိုနည်း အတူပဲကျန်နေသေးတဲ့ ပြည်နယ် နဲ့ တိုင်းဒေသကြီးအသီးသီးက ဂေါပကအဖွဲ့ဝင်တွေအားလုံး စုံစုံ ညီညီနဲ့ ဒီလိုမျိုး ပြည်နယ်တိုင်း ဒေသကြီး တစ်ခုလုံးမှာ၊ အနှံ့အပြား မှာ ပြန့်ပွားသွားမယ်ဆိုရင် တစ်နေရာစီက ဘာသာ သာသနာ အတွက် ထွန်းလင်းတောက်ပြောင် တဲ့ ဆောင်ရွက်မှုတွေ ထွက်ပေါ် လာမယ်လို့ ယုံကြည်မျှော်လင့်မိ ပါတယ်။
ဦးသိန်းဟန် (တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့် ဘုရား ဂေါပကအဖွဲ့ဝင်)
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို စတင်တည်ထား ကတည်းက ကျွန်တော်တို့ အလွန် ဖူးမြော်ချင်ခဲ့တာပါ။ အခုလို လာရောက် ဖူးမြော်ခွင့်ရတဲ့ အတွက် ရင်ထဲမှာအတိုင်းမသိ ကျေနပ်မိပါတယ်။ တကယ် ကြည်နူးပါတယ်။ ထေရဝါဒဗုဒ္ဓ ဘာသာ မြန်မာလူမျိုးတွေအတွက် အလွန်ကို ဂုဏ်ယူစရာကောင်းပါ တယ်။ အလွန်လည်း ပီတိဖြစ်စရာ ကောင်းပါတယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက်လည်း ဒီဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး က ဂုဏ်ယူစရာ တစ်ရပ်အနေနဲ့ အမြဲတမ်း တည်ရှိနေမယ်လို့ ယုံကြည်ပါတယ်။
ခွန်ကျော်ဆန်း (မွေတော်ကက္ကူ ဘုရားဂေါပကအဖွဲ့ အတွင်း ရေးမှူး)
နိုင်ငံတော်ဝန်ကြီးချုပ်အနေ နဲ့ ကျွန်တော်တို့ဂေါပကအဖွဲ့ကို အခုလို ဖိတ်ကြားပေးတဲ့အတွက်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည် နယ်ဝန်ကြီးချုပ်က အခုလိုစီစဉ် ပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်ခင်ဗျာ။ ဗုဒ္ဓဘာသာ သာသနာ ထွန်းကားအောင် နိုင်ငံတော် အစိုးရအနေနဲ့ ကမ္ဘာမှာအကြီးဆုံး၊ အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကိုတည်ထားပူဇော်ပြီး ဆောင် ရွက်ပေးတဲ့အတွက် ဗုဒ္ဓဘာသာ ဝင်တစ်ယောက်အနေနဲ့ ဂုဏ်ယူ မဆုံး ဖြစ်မိပါတယ်။ သာသနာ တော်ကြီး ထွန်းကားပြန့်ပွား အောင် ထိန်းသိမ်းစောင့်ရှောက် ကြဖို့အတွက် ကျွန်တော်တို့ဗုဒ္ဓ ဘာသာဝင်တွေအားလုံးမှာ တာဝန် ရှိပါတယ်။
ဦးစိုးမြင့် (ရွှေဘုန်းပွင့်စေတီ တော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်)
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို အခုလိုလာရောက် ဖူးမြော် ကြည်ညိုနိုင်ဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က အစစ အရာရာ စီစဉ်ပေးပါတယ်။ ဘုရား ကြီးကို ဖူးမြော်လိုက်ရတဲ့အချိန် ရင်ထဲမှာဖြစ်ပေါ်လာတဲ့ ပီတိဖြစ် မှုက ဘာနဲ့မှ မလဲနိုင်အောင် အေးချမ်းလွန်းပါတယ်။ ကိုယ်တိုင် ဂေါပကတာဝန်ကို ထမ်းဆောင် နေတဲ့သူ တစ်ယောက်ဖြစ်တဲ့ အတွက် ဘုရားကြီးကို ဖူးမြော် ကြည်ညိုရင်း ဘုရားပရိဝုဏ်တစ်ခု လုံး သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်း စိုပြည်နေအောင် စနစ်တကျစီမံ ခန့်ခွဲမှုတွေ ဆောင်ရွက်ထားတာ ကိုလည်း သတိထားလေ့လာမိ ပါတယ်။ ဂေါပကတစ်ယောက် အနေနဲ့ သာသနိကအဆောက် အအုံတွေကို ရေရှည်တည်တံ့ အောင် ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမယ်၊ သက်ဆိုင်ရာကဏ္ဍ တွေအလိုက် ဘယ်လိုတည် ဆောက်ရမယ်၊ ဝန်ထမ်းတွေကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတဲ့ ဗဟုသုတတွေလည်း အများကြီး လေ့လာခဲ့ရပါတယ်။ ဘုရားကြီး ကို တည်ဆောက်ထားတဲ့ အဆင့် မြင့် နည်းပညာတွေကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ ကမ္ဘာ ပေါ်မှာ ဉာဏ်တော်အမြင့်ဆုံးဖြစ် တဲ့ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကိုယ့်နိုင်ငံ မှာ အခုလို တည်ထားပူဇော်နိုင် ခဲ့တဲ့အတွက် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ များစွာဂုဏ်ယူမိပါတယ်။ အတု ယူဖို့ကောင်းတဲ့ စီမံခန့်ခွဲမှုနည်း စနစ်တွေကိုလည်း လေ့လာမှတ် သားပြီး ကျွန်တော်တို့ တာဝန်ယူ ထိန်းသိမ်း စောင့်ရှောက်ရတဲ့ ဘုရားစေတီတွေ ပိုမိုကြည်ညို ဖွယ်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် အကျိုးရှိရှိပြန်လည် အသုံးချ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဦးသန်းကျော် (တောင်ကြီးမြို့ မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ဝင်)
ပြည်နယ်ဝန်ကြီးချုပ်ရဲ့ စီစဉ် ပေးမှုနဲ့ တောင်ကြီးမြို့နယ်နဲ့ ညောင်ရွှေမြို့နယ် အတွင်းမှာရှိတဲ့ ဂေါပကအဖွဲ့တွေစုပြီး လာကြတာ ဖြစ်ပါတယ်။ အခုလာရောက်တဲ့ ဘုရားဖူးအဖွဲ့မှာ ဖောင်တော်ဦး ဘုရားဂေါပကအဖွဲ့၊ မွေတော်ကက္ကူ ဘုရားဂေါပကအဖွဲ့၊ စူဠာမုနိ ဘုရားဂေါပကအဖွဲ့၊ ရွှေဘုန်းပွင့် ဘုရားဂေါပကအဖွဲ့နဲ့ တောင်ကြီး မြို့ မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ ဆိုပြီး ဂေါပကအဖွဲ့ ငါးဖွဲ့ပါ ပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို ဖူးမြော်လိုက် ရတဲ့အချိန်မှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ရော၊ မြန်မာ နိုင်ငံသားတစ်ယောက်အနေနဲ့ပါ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိတဲ့စိတ် တွေ ဖြစ်လာပါတယ်။ အခုလို ခမ်းနားကြီးကျယ်ပြီး ကြည်ညို ဖွယ်ရာကောင်းလွန်းတဲ့ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို တည်ထား ပူဇော်ဖို့ဆိုတာ တကယ်မလွယ်ကူ တဲ့ ကိစ္စပါ။ တော်ရုံတန်ရုံသဒ္ဓါ တရားလောက်နဲ့ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဘုရားကြီးရဲ့ ဂေါပက အဖွဲ့ဝင်တွေ ရှင်းပြတာကို နားထောင်ပြီး ဗီဒီယိုမှတ်တမ်း တွေကို ကြည့်လိုက်တဲ့အခါမှာ အခုလိုကြည်ညိုဖွယ်ရာ သပ္ပာယ် လှတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထား ပူဇော်နိုင်ဖို့အတွက် ကြိုးစား ဆောင်ရွက်ခဲ့ကြတဲ့ တပ်မတော်သားတွေရဲ့ ဇွဲလုံ့လနဲ့ ဆောင်ရွက်ချက်တွေကို ဘယ်လိုမှ မချီးကျူးဘဲ မနေနိုင်ပါဘူး။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးက ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ ဗုဒ္ဓဘာသာ သာသနာ နေလို လလို ထွန်းလင်းတောက်ပနေ တယ်ဆိုတာကို ကမ္ဘာတစ်ဝန်းလုံး ကိုပြသလိုက်တဲ့ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဖြစ်တယ်လို့ ဆိုချင်ပါ တယ်ခင်ဗျာ။
သတင်းစဉ်