ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏  ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ  ကာတာနိုင်ငံ၏ State Minister for Foreign Affairs ဖြစ်သူ Mr. Soltan bin Saad Al-Muraikhi နှင့် တွေ့ဆုံ

 

ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကာလအတွင်း 
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ  ကာတာနိုင်ငံ၏ State Minister for Foreign Affairs
ဖြစ်သူ Mr. Soltan bin Saad Al-Muraikhi နှင့် တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ   ၁၈ 


ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ကျင်းပပြုလုပ်လျက် ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့     တက်ရောက်လျက် ရှိသည့် ဒုတိယဝန်ကြီးချုပ်နှင့်  နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အစည်း အဝေးကာလအတွင်း  သီးခြားဆွေးနွေးပွဲအဖြစ် ဇန်နဝါရီ ၁၇ ရက်တွင် ကာတာနိုင်ငံ၏ State Minister   for Foreign Affairs ဖြစ်သူ Mr. Soltan   bin  Saad   Al-Muraikhi နှင့်   ရန်ဇိုရီကွန်ဗင်းရှင်းစင်တာ၌      တွေ့ဆုံဆွေးနွေးခဲ့သည်။ 
တွေ့ဆုံစဉ်   ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့်   မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု       အခြေအနေများကို    ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။ 
ထို့ပြင်  မြန်မာ - ကာတာ   နှစ်နိုင်ငံအကြား   ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မာစေရေး၊      ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့တွင်း  ပူးပေါင်းဆောင်ရွက်မှုများအပါအဝင်  ဒေသတွင်းနှင့်  နိုင်ငံတကာမျက်နှာစာတွင်  ပိုမိုနီးကပ်စွာပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအပေါ်    ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်