နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်

 

နေပြည်တော်  ဇန်နဝါရီ   ၁၈


၂၀၂၃-၂၀၂၄  ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ   ဗိုလ်လုပွဲနှင့်  ဆုချီးမြှင့်ခြင်းအခမ်းအနားကို   ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ  ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌   ကျင်းပ ပြုလုပ်ရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်  တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများ ပေးအပ်ချီးမြှင့်သည်။


အဆိုပါ ဗိုလ်လုပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး      ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး    ရဲဝင်းဦး၊    နိုင်ငံတော်စီမံ အုပ်ချုပ်ရေး    ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်    ပုဂ္ဂိုလ်  များ၊    ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ    ဥက္ကဋ္ဌ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီး များ၊ ဒုတိယဝန်ကြီးများ၊ နေပြည် တော်ကောင်စီဝင်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲကျင်းပရေး     ကော်မတီဝင် များနှင့်တာဝန်ရှိသူများ၊  ပြိုင်ပွဲ ဝင်အသင်းများမှ  အုပ်ချုပ်သူနှင့် နည်းပြများ၊   အားကစားသမား များ၊ တက္ကသိုလ်များနှင့် အခြေခံ ပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမ များ၊    အားကစားဝါသနာရှင် ပြည်သူများ  တက်ရောက်ကြည့်ရှု အားပေးကြသည်။


ကြည့်ရှုအားပေး


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်နှင့် တက်ရောက်လာ ကြသူများသည်   ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီး ဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲ၏    နောက်ဆုံးဗိုလ်လုပွဲ အဖြစ် မော်လမြိုင်ဇုန်အသင်းနှင့် မြစ်ကြီးနားဇုန်အသင်းတို့ ယှဉ်ပြိုင် ကစားမှုကို     ကြည့်ရှုအားပေး သည်။ 


အဆိုပါပွဲစဉ်တွင်      နှစ်ဖက် အသင်းများသည်   ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်း များဖြစ်သည်နှင့်အညီ တစ်ဖက် နှင့်တစ်ဖက် အပြန်အလှန် အကြိတ် အနယ်ဖိအားပေးယှဉ်ပြိုင်ကြကာ ပထမပိုင်းပြီးဆုံးချိန်အထိ ဂိုးမရှိ သရေရလဒ်ဖြင့်     ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းကို ဆက်လက်ယှဉ်ပြိုင် ကစားချိန်တွင်လည်း တစ်ဖက်နှင့် တစ်ဖက်  အပြန်အလှန်အကြိတ် အနယ် ဖိအားပေးယှဉ်ပြိုင်ကစားကြသော်လည်း ဒုတိယပိုင်း ပြီးဆုံး ချိန်တွင်လည်း ဂိုးမရှိသရေရလဒ် ဖြင့်သာ ပြီးဆုံးခဲ့သည်။
ယင်းနောက် အချိန်ပို မိနစ် ၃၀ ကစားချိန်တွင်လည်း  ဂိုးမရှိ သရေရလဒ်ဖြင့်    ပြီးဆုံးခဲ့သဖြင့် ပယ်နယ်တီအဆုံးအဖြတ်    ရယူ ခဲ့ရာ     မော်လမြိုင်ဇုန်အသင်းက မြစ်ကြီးနားဇုန်အသင်းကို  ၅  ဂိုး- ၃    ဂိုးဖြင့်     အနိုင်ရဗိုလ်စွဲသွား ပြီး   တံခွန်စိုက်ဆုဖလားကြီးကို  ဆွတ်ခူးရရှိသွားသည်။


ပြိုင်ပွဲအပြီးတွင်   ဆုချီးမြှင့် ခြင်းအခမ်းအနားကို ဆက်လက် ကျင်းပရာ  ပြိုင်ပွဲတွင်  အကောင်း ဆုံး(ဂိုးသမား)ဆု၊ အကောင်းဆုံး (နောက်တန်း)ဆု၊  အကောင်းဆုံး (အလယ်တန်း)ဆု၊ အကောင်းဆုံး (ရှေ့တန်း)ဆု၊ ဂိုးသွင်းအများဆုံး ဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်း ဆုံး  အားကစားသမားဆုရရှိသူများ ကို     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ မှုထန်၊ ပိုးရယ်အောင် သိန်း၊ ဒေါ်ဒွဲဘူ၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး   ညိုစောနှင့် ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်တို့ က    တစ်ဦးချင်းအကောင်းဆုံး ဆုတံဆိပ်များနှင့်  ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး   တင်အောင်စန်းက တတိယဆုရရှိသည့်    ပုသိမ်ဇုန် အသင်းကိုလည်းကောင်း၊ တွဲဖက် အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦးက ဒုတိယဆုရရှိသည့် မြစ်ကြီးနားဇုန်အသင်းကိုလည်း ကောင်း တစ်ဦးချင်းဆုတံဆိပ်များ နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ် ချီးမြှင့်ကြသည်။ 


ထို့နောက်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အတွင်း ရေးမှူး     ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက   ပထမဆုရရှိ သည့်    မော်လမြိုင်ဇုန်အသင်းကို တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ် ချီးမြှင့်သည်။


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   ပထမဆုရရှိ သည့် မော်လမြိုင်ဇုန်အသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက် ဆုဖလားကို      ပေးအပ်ချီးမြှင့် သည်။


ဆုပေးပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ ဝင်များသည် ပြိုင်ပွဲဝင်အားကစား သမားများကို       ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း  သတင်းရရှိ သည်။          
           

သတင်းစဉ်