ရခိုင်ပြည်နယ် မောင်တောမြို့၌ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ထူးချွန်သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်

 

မောင်တော   ဇန်နဝါရီ  ၁၇


ရခိုင်ပြည်နယ်  မောင်တောမြို့၌ သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန   ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အသေး စားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့်     ကျေးလက်နေ မိသားစုဝင်ငွေ  တိုးတက်ရေးစီမံ ကိန်းအစီအစဉ်ဖြင့်    အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် မော်တော်ဆိုင်ကယ်  ပြုပြင်ထိန်း သိမ်းနည်းသင်တန်းနှင့်   လူသုံး ကုန်ထုတ်လုပ်မှု    နည်းပညာ သင်တန်းတွင် ထူးချွန်သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်း များ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် က သင်တန်းသား သင်တန်းသူများ အနေဖြင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခု တတ်မြောက် ခြင်းအားဖြင့် လူငယ်များ လမ်းမှား မရောက်စေဘဲ  ပညာရေးတစ်ပိုင်း တစ်စဖြင့် အနာဂတ်ဘဝများ  မပ ပျောက်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေခြင်း ကြောင့်  မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးပွားလာနိုင်မည်   ဖြစ် ကြောင်း  မှာကြားသည်။


ဆက်လက်၍ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး       ဒေါ်ဥမ္မာထွန်းက မော်တော်ဆိုင်ကယ် ပြုပြင်ထိန်း သိမ်းနည်းသင်တန်းနှင့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း တွင် ထူးချွန်သူများအား ဒေသဖွံ့ဖြိုး ရေး     လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ရခြင်းနှင့်   ပတ်သက်၍      ရှင်းလင်း     ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူးနှင့်တာဝန်ရှိသူ များက    မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှု  နည်းပညာ သင်တန်းများတွင်  ထူးချွန်ခဲ့သူ များကို  လုပ်ငန်းထူထောင်နိုင်ရန် အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း သုံးပစ္စည်းများကို   ထောက်ပံ့ပေး အပ်ပြီး တက်ရောက်လာကြသူ များက ခင်းကျင်းပြသထားသော  ထူးချွန် သင်တန်းသား   သင်တန်း သူများအား  ထောက်ပံ့ပေးမည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်း များကို      လှည့်လည်ကြည့်ရှု အားပေးကြောင်း သိရသည်။ 


သက်လွင်စိုး(ပြန်/ဆက်)