
နေပြည်တော် ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ဘူးသီးတောင် မြို့နယ်နှင့် ပေါက်တောမြို့နယ်ရှိ ကျေးရွာများကို ဇန်နဝါရီ ၁၅ ရက်တွင် တပ်မတော်မှလေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ခုနစ်နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် ပြည်သူ လေးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟုအကြမ်းဖက်အားပေး ပြည်ဖျက် မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media မှ မဟုတ် မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အဆိုပါ မြို့၊ ရွာများအနီး လုံခြုံရေးတာဝန်ထမ်းဆောင်နေ သော တပ်ဖွဲ့ဝင်များကို AA သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့ ပစ်ခတ်သည့်လက်နက်ကြီးကျည်များ၊ Drop Bomb များသည် ဒေသခံပြည်သူများနေထိုင်ရာ မြို့၊ ရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ ကြောင်း သိရသည်။
ထိုသို့ AA သောင်းကျန်းသူများ၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် ပြည်သူလူထုက တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်အတွက် အကြမ်းဖက် အားပေးပြည်ဖျက်မီဒီယာများက သတင်းတု သတင်း မှားများကို အချိန်ကိုက်ရေးသားဖြန့်ဝေကာ ဝါဒ ဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်