ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

 

နေပြည်တော်  ဇန်နဝါရီ  ၁၇
အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များနှင့်   ဘာသာရေး ဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးစော်ကားမှု အပေါ် ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိသည်။
ထိုသို့ပြုလုပ်လျက်ရှိရာ ယနေ့တွင်လည်း မကွေး တိုင်းဒေသကြီး မင်းဘူးမြို့၌ ကန့်ကွက်ရှုတ်ချပွဲကို ပြုလုပ်ကြရာ(ဝဲပုံ)  သံဃာတော်များနှင့် ဒေသခံပြည်သူ များတက်ရောက်ကြပြီး ခရိုင်ဘောလုံးကွင်းမှ မြို့တော် ခန်းမရှေ့သို့ ချီတက်စုဝေးကြကာ သံဃာတော်များ နှင့် မျိုးချစ်ပြည်သူဦးဆောင်သူများက ဗုဒ္ဓဘာသာ အပေါ် ဖျက်ဆီးရန်လုပ်ဆောင်နေမှုများကို ကန့်ကွက် ကြောင်း ဟောပြောကြသည်။ 
ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက် လာကြသူများက “ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး နေကြသည့် အကြမ်းဖက်သမားများနှင့် သာသနာ ဖျက်များအား(ဆန့်ကျင်ကြ)၊ ဗုဒ္ဓဘာသာကိုစော်ကား ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများအား (ဆန့်ကျင်ကြ)၊  စေတီပုထိုးနှင့်   လူမျိုးရေးခွဲခြား၊ သာသနာကို      စော်ကားဖျက်ဆီးနေသူများအား (ဆန့်ကျင်ကြ)၊ သာသနာဖျက် အကြမ်းဖက်သမားများ အား(အလိုမရှိ)၊ အကြမ်းဖက်အားပေး လောက်ကောင် များအား (အလိုမရှိ)၊ စေတီပုထိုး၊ ဆင်းတုတော်များကို ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများ (ကျရှုံး ပါစေ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သမားများ  (ကျရှုံးပါစေ)”   စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိ သည်။                                             သတင်းစဉ်