၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့်ဆုပေးပွဲဆက်လက်ကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၁၇
ပညာရေးဝန်ကြီးဌာန၊      အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄   ပညာသင်နှစ်   တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက် အထိ   နေပြည်တော်ရှိ  ဝဏ္ဏသိဒ္ဓိအားကစားကွင်းအားကစားရုံတို့တွင်    ကျင်းပလျက်ရှိရာ    ယနေ့ နံနက်ပိုင်းမှစတင်ပြီး       နဝမနေ့ပွဲစဉ်များအဖြစ် အမျိုးသားပိုက်ကျော်ခြင်း   သုံးယောက်တွဲ   ဆီမီး ဖိုင်နယ်နှင့် ဗိုလ်လုပွဲပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစား ကွင်းရှိ လက်ဝှေ့အားကစားခန်းမတွင် ယှဉ်ပြိုင်ကစား ကြသည်။
ပြိုင်ပွဲများသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ‌‌ ဒေါက်တာညွန့်ဖေ၊  အားကစားနှင့်  လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများ နှင့်      တက္ကသိုလ်ကျောင်းသား     ကျောင်းသူများ လာရောက်ကြည့်ရှုအားပေးကြသည်။ 
အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်များတွင် ရတနာပုံတက္ကသိုလ်အသင်းက ပထမ၊ စစ်ကိုင်းတက္ကသိုလ်အသင်းက       ဒုတိယရရှိပြီး မြစ်ကြီးနားတက္ကသိုလ်နှင့်     မော်လမြိုင်တက္ကသိုလ် အသင်းတို့က ပူးတွဲတတိယရရှိကြသည်။
ထို့နောက် နေရာအလိုက်အကောင်းဆုံး အားကစား သမားဆုများ       ပေးအပ်ရာ     တက္ကသိုလ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ  ပြည်တက္ကသိုလ် ပါမောက္ခချုပ် ‌‌ဒေါက်တာသက်လွင်က အကောင်းဆုံး နောက်ထိန်းကစားသမားဆုရရှိသည့် ရတနာပုံတက္ကသိုလ်မှ   မောင်မင်းသန့်သူကိုလည်း ကောင်း၊ မန္တလေးတက္ကသိုလ်ပါ‌မောက္ခချုပ် ‌ဒေါက်တာ တင်ထွန်းက အကောင်းဆုံးရိုက်ခုတ်ကစားသမား ဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်မှ မောင်အောင်အောင် ကိုလည်းကောင်း၊   အားကစားနှင့်ကာယပညာဦးစီး ဌာန     ညွှန်ကြားရေးမှူးချုပ်      ‌‌‌ဦးထွန်းမြင့်ဦးက အကောင်းဆုံးပင့်ထောင်  ကစားသမားဆုရရှိသည့် ရတနာပုံတက္ကသိုလ်မှ မောင်နိုင်းနိုင်းအောင်ကိုလည်း ကောင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်     ဦးကျော်ဝင်း က    အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသည့်     စစ်ကိုင်း တက္ကသိုလ်မှ မောင်အောင်‌မျိုးကျော် ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။ 
ယင်းနောက်   လေ့လာဆန်းစစ်အကဲဖြတ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ဆွေ ထွန်းက အမျိုးသားအသင်းလိုက် သုံးယောက်တွဲပြိုင်ပွဲ တွင် ပူးတွဲတတိယဆုရရှိသော မြစ်ကြီးနားတက္ကသိုလ် နှင့် တောင်ငူတက္ကသိုလ်အသင်း တို့ကိုလည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက  ဒုတိယဆုရရှိသည့်  စစ်ကိုင်း တက္ကသိုလ်အသင်းကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ‌‌ဒေါက်တာ    မိုးဇော်ထွန်းက   ပထမဆုရရှိသည့် ရတနာပုံတက္ကသိုလ်အသင်းကိုလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာ ညွန့်ဖေက   အမျိုးသားပိုက်ကျော်ခြင်း   တံခွန်စိုက် ဒိုင်းဆုကို    ချီးမြှင့်ပေးအပ်ရာ    ရတနာပုံတက္ကသိုလ် အသင်းက လက်ခံရယူသည်။ 
တက္ကသိုလ်ပေါင်းစုံ    အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်း တွင်   ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ   လေ့ကျင့်ရေး ကွင်းအမှတ်(၃)နှင့်     ညနေပိုင်းတွင်    ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို  ကျင်းပသွားကြမည်ဖြစ်ကြောင်း သိရသည်။   
သတင်းစဉ်