
မန္တလေး ဇန်နဝါရီ ၁၇
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ကော်မရှင်အဖွဲ့ဝင် များနှင့်အတူ ယနေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီးအောင်မြေသာစံမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည့် မြန်မာ အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
လေ့ကျင့်ဆောင်ရွက်
ဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက လာရောက် စမ်းသပ်မဲပေးကြသည့် ပညာရေးဝန်ထမ်းများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေး ပါတီများမှ ပါတီဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများကို ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်၍ MEVM စက်ဖြင့် စမ်းသပ်မဲပေးသည့် အပြင် လာမည့် ရွေးကောက်ပွဲ များတွင် မဲရုံအဖွဲ့ဝင်များအဖြစ် မဲရုံတာဝန် ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် MEVM စက်အား လက်တွေ့ ကိုင်တွယ် ဆောင်ရွက်ရမည့် သူများဖြစ်၍ ကိုယ်တိုင်ကြိုတင် စမ်းသပ်ကိုင်တွယ် လေ့ကျင့် ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သည် မန္တလေးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ တိုင်းဒေသ ကြီး၊ မန္တလေးခရိုင်နှင့် မြို့နယ် များမှ ရွေးကောက်ပွဲအရာရှိများကို တွေ့ဆုံ၍ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပေးပို့သည့် အသက် ၁၈ နှစ်နှင့် အထက် လူဦးရေစာရင်းများအား CVLMS (Central Voters List Management System) ဆော့ဝဲလ် စနစ်အတွင်း ထည့်သွင်းနေမှု၊ မြန်မာအီလက်ထရောနစ် မဲပေး စက်ဖြင့် မဲဆန္ဒရှင်ပြည်သူများ စမ်းသပ်သရုပ်ပြ မဲပေးခြင်း အသိပညာပေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန် ကိစ္စရပ်များကို မှာကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် Myanmar Electronic Voting Machine (MEVM) စက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေး လေ့လာခြင်း အသိပညာပေး လုပ်ငန်းများကို နေပြည်တော်ရှိ ဝန်ကြီးဌာနများ နှင့် အဖွဲ့အစည်းများ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများဖြင့် ဆောင် ရွက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် အသိပညာပေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အောင်မြေသာစံမြို့နယ် နှင့် ပုသိမ်ကြီးမြို့နယ်များမှ မဲဆန္ဒရှင် ၁၃၁၀ က စမ်းသပ် မဲပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်