ကြက်သွန်နီဈေး ကျနေပြီး စျေးကွက်မငြိမ်သေးသည့် အခြေအနေတွင်ရှိနေ

ရန်ကုန်   ဇန်နဝါရီ   ၁၇


မြန်မာနိုင်ငံတွင်     စားသုံးသူ   များပြားပြီး ဟင်းလျာတွင်    အများဆုံး     ထည့်သွင်း ချက်ပြုတ်လေ့ရှိသည့် ကြက်သွန်နီမှာ လက်ရှိ တွင် စျေးကျနေပြီး စျေးကွက် မငြိမ်သေးသည့် အခြေအနေတွင် ရှိနေကြောင်း ကြက်သွန်နီ ရောင်းဝယ်ရေး အသိုင်းအဝိုင်းမှ သိရသည်။


‘‘ကြက်သွန်နီက အခုရက်တော့ ဈေးတွေ ကျနေတယ်။  ဈေးတွေက အခုရွာမှာဆိုရင်  ကျပ်   ၂၀၀၀  ဝန်းကျင်ပဲ   ရှိတော့တယ်။ တောဈေးပေါ့။ မြိုတွေပြန်ရောင်းတာ အလွန် ဆုံးရ ၂၇၀၀  ပေါ့ ။ ပြောရမယ်ဆိုရင်ဈေးကွက် က တော့မငြိမ်ဘူး’’ ဟု ကြက်သွန်နီရောင်းဝယ် ရေး လုပ်ကိုင်သည့် ကုန်သည်တစ်ဦးကပြော သည်။   ကြက်သွန်နီဈေးနှုန်းများ  ကျဆင်း နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး ဈေးနှုန်း တက်လာမှုများ မရှိနိုင်သေးကြောင်းလည်း သိရသည်။


‘‘အရင်  ကျပ်  ၂၆၀၀ နဲ့ မိထားရာကနေ ပြီးတော့  အခုရွာဈေး ၂၀၀၀  ဆိုတော့ ၆၀၀ လောက်ကျတယ်။   ဈေးကျတာ   တစ်ပတ် လောက်ရှိနေပြီ။ ညီမကတော့ ဆက်ပြီးကျဖို့ မြင်တယ်။  လမ်းကြောင်းအခြေအနေကြောင့် ညီမတို့ဆီ  ကြက်သွန်တွေက များလာတယ်။ ဆက်တက်ဖို့တော့   မမြင်သေးဘူး’’  ဟု     ကြက်သွန်နီ ရောင်းဝယ်ရေး ကုန်သည်တစ်ဦး က သုံးသပ်ပြောဆိုသည်။


လက်ရှိတွင်   ကြက်သွန်န်နီ    မြစ်သား အသေး တစ်ပိဿာကို ကျပ် ၂၇၀၀၊ အလတ် တစ်ပိဿာကို ကျပ် ၃၂၀၀၊ အကြီးတစ်ပိဿာ ကို  ကျပ် ၃၃၀၀၊ ဂျွန်ရောရာတစ်ပိဿာကို ကျပ်  ၂၇၀၀၊    မြင်းခြံကြက်သွန်နီ        အသေး တစ်ပိဿာကို ကျပ် ၂၂၀၀၊ အလတ်တစ်ပိဿာ ကို ကျပ် ၂၅၀၀ ပေါက်စျေး ဖြစ်နေကြောင်း စူပါကြက်သွန်ရောင်းဝယ်ရေးမှ သိရသည်။

သစ်တော်