သွားနှင့်ခံတွင်း ကျန်းမာရေးပညာပေး ဟောပြောပြီး အခမဲ့ကုသပေး

 

ရန်ကုန်   ဇန်နဝါရီ   ၁၇


သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်- ရန်ကုန်   ပါမောက္ခချုပ်၏ ညွှန်ကြားမှုဖြင့် ကာကွယ် ရေးနှင့်     လူထုသွားကျန်းမာရေး  ပညာ     ဌာနမှ ဆရာ ဆရာမများ၊ ဘွဲ့လွန်သင်တန်း သားများ၊  သင်တန်းသူများနှင့်   အလုပ်သင် ဆရာဝန်    ၁၄    ဦး     ပါဝင်သောအဖွဲ့သည် ဇန်နဝါရီ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး    ဒဂုံဆိပ်ကမ်းမြို့နယ်      ရာဇဂြိုဟ် ဘုန်းတော်ကြီးသင်    ပညာရေးကျောင်းသို့ သွားရောက်၍   ကျောင်းသား   ကျောင်းသူ ၁၇၀ အား သွားနှင့်ခံတွင်း ကျန်းမာ‌ရေးပညာ ပေးဟောပြောပြီး ၃၅၈ ဦးအား သွားနှင့် ခံတွင်း  ကျန်းမာ‌ရေးစစ်ဆေး၍      သွားနှင့် ခံတွင်း  ဝေဒနာရှင် ကျောင်းသားကျောင်းသူ ၉၈  ဦးကို  အခမဲ့ကုသပေးခဲ့ကြောင်း  သိရ သည်။                   

မြန်မာ့အလင်း