နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr.Vinay Kumar ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

 အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး
ဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး 
H.E. Mr.Vinay Kumar ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဇန်နဝါရီ   ၁၇

အမျိုးသား      လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန  (၄)      ပြည်ထောင်စု ဝန်ကြီး    ဗိုလ်ချုပ်ကြီး   မိုးအောင် သည် မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယ နိုင်ငံ    သံအမတ်ကြီး    H.E. Mr. Vinay Kumar    ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင်   နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရုံး    ဧည့်တွေ့ဆောင်၌   လက်ခံ တွေ့ဆုံသည်။


ရင်းနှီးပွင့်လင်းစွာဆွေးနွေး


ထိုသို့တွေ့ဆုံစဉ်    နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့်      ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ     ကိစ္စရပ် များ၊ နှစ်နိုင်ငံအကြား  ဆောင်ရွက် လျက်ရှိသည့်    ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ       စီမံကိန်းများ   တိုးမြှင့် ဆောင်ရွက်သွားရေး၊       လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊       နှစ်နိုင်ငံ နယ်စပ်ဒေသများ      တည်ငြိမ် အေးချမ်းရေးအတွက်      ပူးပေါင်း ဆောင်ရွက်သွားရေး  ကိစ္စရပ်များ နှင့်စပ်လျဉ်း၍  နှစ်ဖက်အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ   ဆွေးနွေးခဲ့ကြ သည်။ 


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး    ကောင်စီရုံးနှင့် အိန္ဒိယနိုင်ငံသံရုံးတို့မှ  တာဝန်ရှိသူ များ တက်ရောက်ကြသည်။


သတင်းစဉ်