
နောင်တရား ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရား မြို့အနီး ပတ်ဝန်းကျင်ကျေးရွာ များ၌ ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူများ ကော်ဖီစိုက်ပျိုး ခြင်းကို စိတ်ဝင်စားလာကြ ကြောင်း ဥယျာဉ်ခြံစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။
“နောင်တရား ဒေသမှာ ထောပတ်ဥယျာဉ်ခြံ၊ လိမ္မော်ခြံ၊ ဆန်းကစ်သီး၊ သစ်တော်သီး စတဲ့ သီးနှံတွေကို စိုက်ပျိုးကြပါတယ်။လိမ္မော်ခြံနဲ့ ဆန်းကစ်သီးခြံတွေမှာ သီးညှပ်စိုက်ပျိုးလို့ရတဲ့ သီးနှံမရှိ ဘူး။ ထောပတ်ခြံမှာဆိုရင် ဝဥနဲ့ ကော်ဖီကို သီးညှပ်စိုက်လေ့ရှိ တယ်။ ကော်ဖီကတော့ စမ်းသပ် စိုက်တာ သုံးလေးဦးလောက်ပဲ ရှိဦးမယ်။ သစ်တော်သီးဥယျာဉ်ခြံ မှာတော့ ခရမ်းချဉ်၊ အာလူး၊ ငရုတ် နဲ့ တခြားသီးနှံတွေကိုလည်း သီးညှပ်စိုက်ပျိုး ဖြစ်ပါတယ်။ ဥယျာဉ်ခြံအဖြစ် ထောပတ်ကို အများဆုံး စိုက်ပျိုးဖြစ်ပါတယ်။ ထောပတ်က ထိန်းသိမ်းမှုစရိတ် နည်းလို့ပါ။ ဒါပေမယ့် ထောပတ် တစ်မျိုးတည်း ဝင်ငွေနဲ့မိသားစု စားဝတ်နေရေးအတွက် မရပ် တည်နိုင်ဘူး။ သီးညှပ်အဖြစ် ကော်ဖီကို စမ်းသပ်စိုက်ပျိုးတာအောင်မြင်နေပါပြီ။ ဒေသနဲ့လည်း ကိုက်ညီရမယ်။ ဈေးကွက်လည်း ရှိရမယ့် ကော်ဖီမျိုးတွေလိုအပ် နေပါတယ်” ဟု နောင်တရား အမှတ်(၁)ရပ်ကွက်မှ ထောပတ် နှင့် ကော်ဖီတွဲလျက် စိုက်ပျိုးသည့် တောင်သူက ပြောသည်။
ယခင်နှစ်များတွင် ကော်ဖီသီး အမှည့်တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ မှ ၄၀၀၀ အထိ အရောင်း အဝယ်ပြုလုပ်နေကြပြီး အဆိုပါ ကော်ဖီသီးများကို ရွာငံ၊ ပင်းတယ၊ ပင်လောင်း စသည့် ကော်ဖီစက်ရုံ များမှ ဝယ်ယူကြသည်။ အချို့ တောင်သူများလည်း ကော်ဖီကို အခြောက်ခံ၍ သိုလှောင်ပြီး ပြန်လည်ရောင်းချသည့် တောင်သူ များလည်းရှိသည်။ ယခုနှစ်တွင် ကော်ဖီအမှည့် တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ မှ ၅၀၀၀ အထိ ရောင်းချရကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)