
နေပြည်တော် ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အုန်းကုန်းကျေးရွာတွင် ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်ကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး ကလေး ငယ်များ အပါအဝင် ခြောက်ဦးဒဏ်ရာရှိခဲ့ သည်ဟု မဟုတ်မမှန်သတင်းမှားကို လူမှု ကွန်ရက်စာမျက်နှာတွင် အကြမ်းဖက်အားပေး မီဒီယာ DVB မှ ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်အား သက်ဆိုင်ရာဒေသရှိ နယ်မြေလုံခြုံရေး တာဝန်ရှိသူတစ်ဦးထံ မေးမြန်း ရာ ဇန်နဝါရီ ၁၅ ရက်တွင် မတ္တရာမြို့နယ် အုန်းကုန်းကျေးရွာဝန်းကျင်အနီး တပ်မတော် စစ်ကြောင်းများ နယ်မြေလုံခြုံရေး တာဝန် ဆောင်ရွက်စဉ် PDF အမည်ခံအကြမ်းဖက် အဖွဲ့များက လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အနီးဝန်းကျင် အုန်းကုန်း ကျေးရွာသို့ ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ ကြောင်းနှင့် ဒေသခံအပြစ်မဲ့ အရပ်သား ပြည်သူအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ဤသို့ အကြမ်းဖက်သမားများ၏ လုပ်ရပ် များကို ပြည်သူများ အထင်အမြင်လွဲမှားအောင် ပြည်ဖျက်မီဒီယာများက သတင်းမှားများကို ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်