ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကန့်ကွက်ရှုတ်ချပွဲများပြုလုပ်

 

နေပြည်တော်    ဇန်နဝါရီ    ၁၆
အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတု တော်များအား   ဖျက်ဆီးစော်ကားမှုအား     ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။
ထိုသို့  ပြုလုပ်လျက်ရှိရာ ယနေ့တွင်  ကချင်ပြည်နယ်   မြစ်ကြီးနား မြို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နှင့် လင်းခေး မြို့တို့၌လည်းကောင်း၊   မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌လည်းကောင်း  အသီးသီး     ကျင်းပပြုလုပ်ကြသည်။  ဦးစွာကန့်ကွက်ရှုတ်ချပွဲများသို့ တက်ရောက် လာကြသူများသည်  သတ်မှတ်နေရာအသီးသီးမှ ချီတက်စုဝေးကြပြီး သံဃာတော်များနှင့် မျိုးချစ်ပြည်သူ ဦးဆောင်သူများက ဗုဒ္ဓဘာသာ အပေါ်ဖျက်ဆီးရန်    လုပ်ဆောင်နေမှုများကို      ကန့်ကွက်ကြောင်း ဟောပြောကြသည်။ 
ထို့နောက်  ကန့်ကွက်ရှုတ်ချပွဲသို့  တက်ရောက်လာကြသူများက      “အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေး  ထောက်ခံသူများ (ဆန့်ကျင်ကြ)၊    အပြစ်မဲ့သံဃာနှင့်    ပြည်သူများအပေါ်     ယုတ်မာ ကောက်ကျစ်မှုများ (အလိုမရှိ)၊ စေတီပုထိုးနှင့် ဗုဒ္ဓဆင်းတုတော်များအား       ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများနှင့် သာသနာဖျက်များအား  (ဆန့်ကျင်ကြ)၊ ဗုဒ္ဓဘာသာကို စော်ကားဖျက်ဆီးနေကြသည့် အကြမ်း ဖက်သမားများအား(ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင် များအား   (အလိုမရှိ)၊   သာသနာဖျက်    အကြမ်းဖက်သမားများအား (အလိုမရှိ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက် သမားများ (ကျရှုံးပါစေ)၊  လူမျိုးရေး ခွဲခြား၊ သာသနာကို စော်ကား ဖျက်ဆီးနေသူများအား  (ဆန့်ကျင်ကြ)၊  စေတီပုထိုး၊  ဆင်းတုတော် များကို ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများ (ကျရှုံးပါစေ)” စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များကိုင်ဆောင်၍  ငြိမ်းချမ်းစွာ  ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။               သတင်းစဉ်