ပြည်ထောင်စုဝန်ကြီး ဦး‌မောင်မောင်အုန်း၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

 

ရန်ကုန် ဇန်နဝါရီ ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌   ၂၀၂၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု  ချီးမြှင့်ပွဲအခမ်းအနား  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊  မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့မှ  တာဝန်ရှိသူများနှင့်  တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းရမည့်ကိစ္စများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြ စေလိုကြောင်း၊  အခမ်းအနားကျင်းပရေးအတွက် ဖိတ်ကြားရေး၊ တည်းခို နေထိုင်ရေး၊ အခမ်းအနားကျင်းပရေး၊ ဆုချီးမြှင့်ရေး၊ သယ်ယူပို့ဆောင် ရေး၊  ကျန်းမာရေးနှင့်လုံခြုံရေးကိစ္စများကို  လစ်ဟာမှု  မရှိအောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊  အခမ်းအနားသို့ တက်ရောက်လာမည့် သက်ကြီးအနုပညာရှင်ကြီးများ၏ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများကိုလည်း  ညှိနှိုင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊   ဆပ်ကော်မတီ အလိုက်   ရေးဆွဲထားသည့်     စီမံချက်ပါ    အချိန်ဇယားအတိုင်း လုပ်ငန်းများ     ပြီးမြောက်အောင်     ကူညီဆောင်ရွက်ပေးကြစေလို ကြောင်း   ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့်   တက်ရောက် လာကြသူများက ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား  အောင်မြင်စွာ    ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍      ဝိုင်းဝန်း အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်  များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။                                                      

သတင်းစဉ်