ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇန်နဝါရီ  ၁၆
ပြည်ထောင်စု    ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် မြန်မာနိုင်ငံဆိုင်ရာ       ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr.   Iskander   Azizov ဦးဆောင်သောအဖွဲ့ကို   ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင် ၌ လက်ခံတွေ့ဆုံသည်။
ရှင်းလင်းပြောကြား
တွေ့ဆုံစဉ်    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးစွာ    ပူးပေါင်း ဆောင်ရွက်ခဲ့သည်မှာ ၁၉၄၈ ခုနှစ် မှစ၍ နှစ်ပေါင်း (၇၆) နှစ်တိုင်ရှိပြီ ဖြစ်ပြီး ရှေးယခင်ထက်  စည်းလုံး ညီညွတ်စွာဖြင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေမှုများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊       ဗဟို ရွေးကောက်ပွဲ       ကော်မရှင်တို့ အကြား    ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရေး      နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး    နှစ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်တို့  အနေ ဖြင့်   ဆက်လက်ပူးပေါင်းဆောင် ရွက်မည့်အခြေအနေများ၊   ၂၀၂၃ ခုနှစ်  စက်တင်ဘာလက   ရုရှား နိုင်ငံသို့    ဒေသန္တရရွေးကောက်ပွဲ သွားရောက်    လေ့လာခဲ့မှုများနှင့် ပြည်ထောင်စု      ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏     ရှေ့ လုပ်ငန်းစဉ်များနှင့်အညီ လွတ်လပ် ပြီးတရား မျှတသောရွေးကောက်ပွဲ ကျင်းပနိုင်ရေး    ပြင်ဆင်ဆောင် ရွက်နေမှုများနှင့်     စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက်    မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးက လာမည့်မတ်လ တွင်ကျင်းပမည့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ   သမ္မတရွေးကောက်ပွဲ သို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်မှ အဆင့်မြင့်    ကိုယ်စားလှယ်များ လာရောက်လေ့လာနိုင်ရေး ဖိတ် ကြားခဲ့ပြီး    လေ့လာရေးခရီးစဉ် အတွက် ကူညီဆောင်ရွက်ပေးနိုင် မည့်အခြေအနေများ၊ မြန်မာနိုင်ငံ နှင့်   ရုရှားနိုင်ငံ   နှစ်နိုင်ငံအကြား ရွေးကောက်ပွဲ    ဆိုင်ရာများနှင့် စပ်လျဉ်း၍    ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်နိုင်မည့်   အခြေအနေ များနှင့် သိရှိလိုသည်များကို အသေး စိတ်မေးမြန်းဆွေးနွေးပြီး ဆွေးနွေး မေးမြန်းမှုများနှင့်    စပ်လျဉ်း၍ ပြည်ထောင်စု     ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက      ပြန်လည် ရှင်းလင်းပြောကြား၍     နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေ အနေများကို    ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 
အဆိုပါ           တွေ့ဆုံပွဲသို့  ပြည်ထောင်စု    ရွေးကောက်ပွဲ ကော်မရှင်    အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း      သိရ သည်။                     သတင်းစဉ်