အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) NSPAW Phase II ပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာ၌ အထောက်အကူပြုနိုင်ရေးအတွက် Gender Focal Person များနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် ဇန်နဝါရီ   ၁၆
လူမှုဝန်ထမ်းဦးစီးဌာနက   ဦးစီး၍    အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာစီမံကိန်း- NSPAW Phase II (၂၀၂၃-၂၀၃၂)ကို ရေးဆွဲအကောင်အထည်ဖော်ရာတွင် အထောက် အကူပြုနိုင်ရေးအတွက် Gender Focal Person များ နှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌  ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ သက်ဆိုင်ရာဦးစီးဌာန   ၄၆ ခုမှ Gender Focal Person  ၄၆ ဦး တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာ ဗျူဟာစီမံကိန်း NSPAW Phase II (၂၀၂၃-၂၀၃၂) ရေးဆွဲနိုင်ရေးအတွက် ဦးဆောင်ကော်မတီ တစ်ခုနှင့် လုပ်ငန်းကော်မတီ ၁၂ ခုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ခွင့်ပြုချက်နှင့်အညီ   ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီများအလိုက် စီမံချက်လုပ်ငန်းစဉ် များ  ရေးဆွဲခဲ့ပါကြောင်း၊   ယခုအစည်းအဝေးတွင်   လက်ရှိရေးဆွဲလျက်ရှိသည့် NSPAW Phase II(၂၀၂၃-၂၀၃၂)၏ စီမံချက်လုပ်ငန်းစဉ်(မူကြမ်း)များ ရေးဆွဲ ဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ် များကို အသိပေးရန်ဖြစ်ပါကြောင်း၊ အာဆီယံအသိုက် အဝန်းမဏ္ဍိုင် သုံးခုအောက်ရှိ ကဏ္ဍပေါင်းစုံမှအဖွဲ့ အစည်းများက  အကောင်အထည်ဖော်ဆောင်ရွက် သည့် အာဆီယံဒေသတွင်းကဏ္ဍပေါင်းစုံတွင် ကျား၊ မ ရေးရာထည့်သွင်းစဉ်းစားမှု မဟာဗျူဟာမူဘောင် အား သိရှိနားလည်ရန်လိုအပ်ပါကြောင်း၊ ယခုအစည်း အဝေးသို့ တက်ရောက်လာကြသည့် Gender Focal Person များအနေနှင့် မိမိတို့သက်ဆိုင်ရာဌာနများ တွင် ကျား၊ မ တန်းတူညီမျှရေး၊ အမျိုးသမီးစွမ်းပကား မြှင့်တင်ရေးဆောင်ရွက်မှုများနှင့်  NSPAW Phase II ၏ လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုများကို  အရှိန် အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ကျား၊ မရေးရာ တာဝန်ခံများ၏  (ToR) များကို  သတ်မှတ်နိုင်ရေး ဆွေးနွေးပေးစေလိုကြောင်း မှာကြားသည်။ 
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ  ညွှန်ကြားရေးမှူး က အာဆီယံဒေသတွင်း ကဏ္ဍပေါင်းစုံတွင် ကျား၊ မ ရေးရာ ထည့်သွင်းစဉ်းစားမှု မဟာဗျူဟာမူဘောင်နှင့် NSPAW ရေးသားရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး     တက်ရောက်လာကြသည့် သက်ဆိုင်ရာများက Gender Focal Person များက NSPAW Phase II လုပ်ငန်းစဉ်များ အကောင်အထည် ဖော်မှုကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ကျား၊ မ ရေးရာတာဝန်ခံများ၏ (ToR)နှင့် စပ်လျဉ်း ၍  ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်