၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများ ရေးဆွဲရေးနှင့် (၅) နှစ် အမျိုးသားစီမံကိန်းမူဘောင် ပြန်လည်သုံးသပ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ ၁၆ 


၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများ ရေးဆွဲနိုင်ရေးနှင့် (၅) နှစ် အမျိုးသားစီမံကိန်းမူဘောင် ပြန်လည်သုံးသပ် ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင်  စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားစီမံကိန်း ကော်မရှင် ဒုတိယဥက္ကဋ္ဌ (၂) ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးများနှင့်   ဌာနဆိုင်ရာတာဝန်ရှိသူများ  တက်ရောက်ကြပြီး   တိုင်းဒေသကြီးနှင့်   ပြည်နယ်အစိုးရအဖွဲ့များမှ   ဝန်ကြီးချုပ်များနှင့် စီးပွားရေးရာဝန်ကြီးများက  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်   တက်ရောက် ကြသည်။
ရှင်းလင်းပြောကြား
ဦးစွာ အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ (၂) ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်းရေးဆွဲရေးနှင့်  (၅) နှစ် အမျိုးသားစီမံကိန်းမူဘောင် ပြန်လည် သုံးသပ်ရေး၊  နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များ၊   ဦးတည်ချက်များနှင့် ချိတ်ဆက်ရေးဆွဲရေး၊ ရလဒ် ဖော်ထုတ်၍ ဖွံ့ဖြိုးမှုရေရှည်တည်တံ့ရေးကို တွန်းအားပေးဆောင်ရွက်ရေး၊ ရည်မှန်းချက်များ  စနစ်တကျ  ချမှတ် ဆောင်ရွက်ရေး၊ ပို့ကုန်တိုးမြှင့်ရေးနှင့် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ စီမံကိန်းများကိုပြန်လည် သုံးသပ်ရေးနှင့်  စောင့်ကြည့်ကြီးကြပ်မှုအားကောင်းစေရေး၊   ကဏ္ဍ အလိုက်နှင့်   ဒေသအလိုက်ချိတ်ဆက်မှုများ   ပိုမိုအားကောင်းစေရေးနှင့် လျာထားချက်များ ပြည့်စုံမှုရှိရေးကိစ္စရပ်များကို ရှင်းလင်းပြောကြား သည်။
ထို့နောက် အမျိုးသားစီမံကိန်းကော်မရှင်အတွင်းရေးမှူး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါ်သန်းသန်းလင်းက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများ ရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက်  အစည်းအဝေးသို့    တက်ရောက်လာကြသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုး သားစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများ ရေးဆွဲနိုင်ရေး နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကြုံပြု ဆွေးနွေးတင်ပြကြရာ     ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက    ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။                      

သတင်းစဉ်