ဘန်ကောက် ဇန်နဝါရီ ၁၃
ထိုင်းနိုင်ငံအရှေ့ပိုင်း၌   ဇန်နဝါရီ   ၁၃   ရက်တွင်   လေယာဉ်ငယ်တစ်စင်း   ပျက်ကျမှု   ဖြစ်ပွားသဖြင့် ယာဉ်ပေါ်ပါ   တစ်ဦးသေဆုံးပြီး  အခြားတစ်ဦးမှာ      ဒဏ်ရာရရှိကြောင်း    ဒေသတွင်း   မီဒီယာများက ထုတ်ပြန်ထားသည်။
လယ်ကွင်းတစ်ခု၌ပျက်ကျ 
အင်ဂျင်တစ်ခုသာ  တပ်ဆင်ထားသည့်  အဆိုပါ လေယာဉ်မှာ ဒေသစံတော်ချိန် နံနက် ၉ နာရီခန့်က ချောင်ဘူရီပြည်နယ်ရှိ လယ်ကွင်း တစ်ခု၌   ပျက်ကျ ခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။  
လေယာဉ်ပျက်ကျမှုကြောင့်      လူတစ်ဦးမှာ  ပြင်းထန်စွာ  ဒဏ်ရာရရှိသဖြင့်     ဒေသတွင်းဆေးရုံ တစ်ခုသို့  ပို့ဆောင်ထားကြောင်း      ထိုင်းအသံလွှင့်ဌာန ပီဘီအက်စ်က ထုတ်ပြန်ထားသည်။ 
ကွင်းပြင်၌ ဆင်းသက်ရန် ကြိုးပမ်းခဲ့
လေယာဉ်ငယ်မှာ  ကွင်းပြင်၌   ဆင်းသက်ရန်   ကြိုးပမ်းခဲ့သော်လည်း အရှိန်မထိန်းနိုင်ဘဲ မြေပြင် သို့    မရောက်မီ  သစ်ပင်တစ်ပင် နှင့်   တိုက်မိခဲ့ကြောင်း    မျက်မြင်သက်သေများက ပြောကြားသည်။ ဆင်ဟွာ
      
  
      


