မွန်ဂိုလီးယားနိုင်ငံ၌ နှင်းထူထပ်စွာကျရောက်မှုကြောင့် ကားအတွင်း မိသားစုဝင် လေးဦးသေဆုံး

 

အူလန်ဘာတာ   ဇန်နဝါရီ   ၁၂


မွန်ဂိုလီးယားနိုင်ငံ   အရှေ့ပိုင်း၌ နှင်းထူထပ်စွာ ကျရောက်မှုကြောင့် ကားအတွင်း ပိတ်မိခဲ့ပြီး ကလေး နှစ်ဦးအပါအဝင် လေးဦးသေဆုံး ကြောင်း နိုင်ငံ၏အမျိုးသားအရေး ပေါ် စီမံခန့်ခွဲမှုအေဂျင်စီက  ဇန်န ဝါရီ ၁၂ ရက်တွင် ပြောကြားသည်။


ဆတ်ဘာတာပြည်နယ် ဒါရီ ဂန်ဂါခရိုင်    ကျေးလက်ဒေသရှိ ၎င်းတို့၏ အိမ်ပြန်လမ်း၌ နှင်းထု အတွင်း   နစ်မြုပ်သွားကြောင်း၊ သေဆုံးသူအားလုံးမှာ မိသားစုဝင် များဖြစ်ကြပြီး ၎င်းတို့ရုပ်အလောင်း များကို ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ပိုင်းက   ကားအတွင်း   တွေ့ရှိ ကြောင်း အရေးပေါ်အေဂျင်စီက ထုတ်ပြန်ချက်တွင်    ပြောကြား သည်။


မွန်ဂိုလီးယားနိုင်ငံရှိ ပြည်နယ် အများစုမှာ ယခုနှစ်ဆောင်းရာသီ အတွင်း  ဆိုးရွားသည့်ရာသီဥတု နှင့်   ကြုံတွေ့ခဲ့ရပြီး   ယခုအခါ နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းဝန်းကျင်မှာ နှင်းများ ဖုံးလွှမ်းခဲ့ကြောင်း  နိုင်ငံ ၏   မိုးလေဝသစောင့်ကြည့်ရေး အေဂျင်စီက ပြောကြားသည်။


လာမည့်   ရက်များအတွင်း နိုင်ငံ၏ အနှံ့အပြားတွင် နှင်းထူထပ် စွာကျရောက်ခြင်းနှင့် နှင်းမုန်တိုင်း များ ဖြစ်ပေါ်နိုင်မည်ဟု   ခန့်မှန်း ထားပြီး       လေတိုက်နှုန်းမှာ တစ်စက္ကန့်လျှင် ၁၈ မီတာမှ ၂၄ မီတာအထိ   ခန့်မှန်းထားကြောင်း မိုးလေဝသအေဂျင်စီက ပြောကြား သည်။   ဖြစ်နိုင်ခြေရှိသည့်    ဘေး အန္တရာယ်များကို      ကြိုတင် ကာကွယ်ရန်      ပြည်သူများအား တိုက်တွန်းထားသည်။


ဆင်ဟွာ