ယီမင်နိုင်ငံမှ ဟူသီသူပုန်များနှင့်ဆက်စပ်မှုရှိသည့်ပစ်မှတ်များကို အမေရိကန်နှင့်ဗြိတိန်တို့ တိုက်ခိုက်

 

အေဒင်   ဇန်နဝါရီ   ၁၂

အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့ဝင် များသည် ယီမင်အစိုးရကို ဆန့်ကျင် နေသည့်  ဟူသီသူပုန်အုပ်စုနှင့် ဆက်စပ်မှုရှိသည့် ပစ်မှတ်များကို  တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

ပူးတွဲတိုက်ခိုက်မှုမှာ အောင်မြင် မှုရရှိခဲ့ကြောင်း ဇန်နဝါရီ ၁၁ ရက် တွင်  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ပြောသည်။ ပင်လယ်နီဒေသ ကုန်တင်သင်္ဘောကြီးများ   သွား လာမှုကို       ဟူသီသူပုန်များက နှောင့်ယှက်    တိုက်ခိုက်မှုများ ပြုလုပ်သည့်အတွက် လက်တုံ့ပြန် သည့်အနေဖြင့် ယခုလို တိုက်ခိုက် မှုများပြုလုပ်ရခြင်းဖြစ်ကြောင်း  အမေရိကန်သမ္မတ  ဂျိုးဘိုင်ဒင်က ပြောသည်။ 


တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် မှုနှင့်  ကမ္ဘာ့အရေးပါဆုံး ရေလမ်း ကြောင်းတွင် ပင်လယ်ရေကြောင်း သွားလာမှုကို   ခြိမ်းခြောက်နေ သည့် ဟူသီသူပုန်များကို ဟန့်တား ရန်နှင့်  ဟူသီသူပုန်များ၏ လုပ်နိုင် စွမ်းကို  လျှော့ချရန်အတွက်   ယခု လို   တိုက်ခိုက်မှု     ပြုလုပ်ရခြင်း ဖြစ်ကြောင်း       ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့မှ  အဆင့်မြင့်အရာရှိ တစ်ဦးကပြောသည်။   ဒုံးကျည် များ၊   ရေဒါများနှင့်   မောင်းသူမဲ့ လေယာဉ်များကို      ပစ်မှတ် ထားကာ   တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း တာဝန်ရှိသူက ပြောသည်။  


ဟူသီ      သူပုန်များသည်  ပင်လယ်နီတွင် သွားလာနေသည့် ကုန်တင်    သင်္ဘောကြီးများကို အကြိမ်ကြိမ်    တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဂါဇာကမ်းမြောင် ဒေသ   အစ္စရေးတို့ကို   ဆန့်ကျင် တိုက်ခိုက်နေသည့် ဟားမားစ်တို့ ကို ထောက်ခံကြောင်းပြသသည့် အနေဖြင့် ပင်လယ်နီတွင် ယခုလို တိုက်ခိုက်မှု    ပြုလုပ်ရခြင်းဖြစ် ကြောင်း ဟူသီတို့က ပြောသည်။


ပြီးခဲ့သည့်နှစ် နိုဝင်ဘာ  ၁၉ ရက်မှစတင်ကာ   ဟူသီတို့ဘက်မှ တိုက်ခိုက်မှုပေါင်း ၂၇ ကြိမ်ပြုလုပ် ခဲ့ပြီးဖြစ်သည်ဟု အမေရိကန် ဗဟို ကွပ်ကဲရေးဌာနက   ပြောသည်။  ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့သည့် ပူးတွဲတိုက်ခိုက်မှုမှာ ဟူသီအုပ်စု ကို  ပစ်မှတ်ထားကာ   အမေရိကန် တပ်မှ ပထမဆုံးအကြိမ် တိုက်ခိုက် မှုလည်းဖြစ်သည်။


ပြီးခဲ့သည့်   သီတင်းပတ်က အမေရိကန်နှင့် ၁၂ နိုင်ငံပါဝင်သည့် အုပ်စုသည်  ဟူသီသူပုန်များကို ဖြစ်ပေါ်လာသည့်အကျိုးဆက်များ အတွက်  ခံစားရမည်ဟု သတိပေး ခဲ့သည်။          

အင်န်အိတ်ချ်ကေ