
နေပြည်တော် ဇန်နဝါရီ ၁၂
ဟိုတယ်လုပ်ငန်းဆိုင်ရာ သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကန်တော်ကြီး ဟိုတယ်နှင့် ခရီး သွားလုပ်ငန်း သင်တန်းကျောင်း တို့၌ကျင်းပရာ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဖြိုးဇော်စိုး တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ ဟိုတယ်လုပ်ငန်းရှင်များ အသင်း(ရန်ကုန်)နှင့် Htoo Group of Company မှ တာဝန်ရှိသူများ၊ ကန်တော်ကြီး ဟိုတယ်နှင့် ခရီး သွားလုပ်ငန်း သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် သင်တန်း နည်းပြ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယ ဝန်ကြီးက ကန်တော်ကြီးဟိုတယ် နှင့် ခရီးသွားလုပ်ငန်း သင်တန်း ကျောင်းကဲ့သို့ အစဉ်အလာ ကောင်းမွန်သော သင်တန်း ကျောင်းများအနေဖြင့် ဝန်ကြီး ဌာနနှင့် ပိုမိုပူးပေါင်းပြီး ခရီးသွား လုပ်ငန်းကဏ္ဍအတွင်းရှိ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေး၊ ဝန်ဆောင်မှုကောင်းမွန် ရေး၊ အရည်အသွေးပြည့်ဝသော ဝန်ထမ်းကောင်းများ မွေးထုတ် ပေးနိုင်ရေး၊ နိုင်ငံတကာနှင့် ဒေသ တွင်း ကျွမ်းကျင်မှုစံနှုန်းများနှင့် အညီ လိုက်နာသင်ကြားရေးကို ဆောင်ရွက်ကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ဟိုတယ်လုပ်ငန်းရှင်များ အသင်း (ရန်ကုန်) ဥက္ကဋ္ဌတို့က သင်တန်း တွင် ထူးချွန်စွာ အောင်မြင်ခဲ့ပြီး ဆုရရှိကြသော သင်တန်းသား သင်တန်းသူများကို ဆုများပေးအပ် ချီးမြှင့်သည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော် လမ်းထောင့်ရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်ရုံးခွဲ၊ စန္ဒကူးလမ်း ရှိ မော်တော်ယာဉ်ဌာနစိတ်နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ရုံးခန်းများ၊ ဆူးလေ မီးသတ်အနီးရှိ မြန်မာ့ခရီးသွား ဘဏ်၊ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များကို ခရီးစဉ်ဒေသ ဆိုင်ရာ အချက်အလက်များ လွယ်ကူစွာသိရှိနိုင်ရန် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော သတင်း ပြန်ကြားရေးကောင်တာနှင့် ယခင် ဧည့်လမ်းညွှန် သင်တန်းကျောင်း တို့ကို သွားရောက်ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး သည် ပန်းဘဲတန်းမြို့နယ်ရှိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဗဟိုဌာန (CTD) သင်တန်း ကျောင်းသို့ သွားရောက်ပြီး အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်