ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အကြံပြုချက်စာတမ်းဖတ်ပွဲကျင်းပ

 

ရန်ကုန်   ဇန်နဝါရီ   ၁၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်  မှတ်ပုံတင်ခွင့်ပြုပြီး တည်ဆဲ နိုင်ငံရေးပါတီများ တွေ့ဆုံ၍   ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ       အောင်မြင်စွာကျင်းပနိုင်ရေး အကြံပြုချက်စာတမ်းဖတ်ပွဲအခမ်းအနား ကို  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး  မင်္ဂလာ ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်      ပြည် ထောင်စု  ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ယနေ့ မှတ်ပုံ တင်ခွင့်ပြုပြီးသည့်  နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံခြင်းသည်  ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက် ပွဲ   အောင်မြင်စွာ     ကျင်းပနိုင်ရေး အကြံပြုချက်    စာတမ်းဖတ်ကြား ခြင်းနှင့် ပါတီဆိုင်ရာလုပ်ငန်းကိစ္စ များ ဆက်လက်ဆောင်ရွက်နိုင်ရေး ဆွေးနွေးကြရန်      ဖြစ်ကြောင်း၊ ပြဋ္ဌာန်းခဲ့သည့်  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း  ဥပဒေအသစ်အရ ပြန်လည်မှတ်ပုံတင်ခွင့်နှင့် အသစ် တည်ထောင်မှတ်ပုံတင်ခွင့်လျှောက် ထားသည့်   ပါတီ  ၆၅  ပါတီရှိပြီး ၎င်းတို့အနက် ၄၇ ပါတီကို မှတ်ပုံ တင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ ပါတီများအနက်      ပါတီနှစ်ပါတီ ဖျက်သိမ်းခဲ့ရခြင်းကြောင့် တည်ဆဲ နိုင်ငံရေးပါတီ       ၄၅   ပါတီရှိ ကြောင်း၊     နိုင်ငံရေးပါတီများ     အနေဖြင့်           နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ သတ်မှတ်ပါတီဝင်     အင်အားကို    သတ်မှတ်ကာလ အတွင်း   ပြည့်မီအောင်     စည်းရုံး ရေးနှင့်    သတ်မှတ်ပါတီရုံးခန်း အရေအတွက်         ပြည့်မီအောင် ဖွင့်လှစ်နိုင်ရေး  ဆောင်ရွက်ကြရန် လိုကြောင်း။


ကော်မရှင်အနေဖြင့် နိုင်ငံရေး ပါတီများက      တင်ပြလာသော ပါတီဝင်အင်အား     စာရင်းများကို သက်ဆိုင်ရာဌာနများ၊      ပါတီ တာဝန်ခံ  ကိုယ်စားလှယ်များနှင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး စိစစ်ရာတွင်  နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်  မပြည့်စုံသူများ၊ အမည်နှင့်     နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်  ထပ်နေသူများ၊ နိုင်ငံသားစိစစ်ရေး        ကတ်အမှတ် နှင့် အမည်ကွဲလွဲသူများ၊  မြို့နယ် ကုတ် လွဲမှားနေသူများ၊  နိုင်ငံသား စိစစ်ရေးကတ်မရှိသူများ၊      နိုင်ငံ့ ဝန်ထမ်းများ၊       နေရပ်လိပ်စာ ပြည့်စုံခြင်းမရှိသူများ၊     ဥပဒေနှင့် အညီ နေထိုင်သူစာရင်း၌  မရှိသူ များ အစရှိသည့်   သတ်မှတ်ချက် နှင့်ကိုက်ညီမှုမရှိသည့်     ပါတီဝင် အင်အားစာရင်းများကို သက်ဆိုင် ရာ ပါတီများသို့ပေးပို့ပြီး သက်ဆိုင် ရာ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊     လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား  ဦးစီးဌာနတို့နှင့် ဆက်သွယ်        ဆောင်ရွက်ပြီး သတ်မှတ်ရက်အရောက် ပြန်လည် စိစစ်ပြင်ဆင်ပေးပို့ရေး အကြောင်း ကြားခဲ့ကြောင်း။


ယနေ့အထိ ရက်ပေါင်း ၉၀ ပြည့်သည့်    နိုင်ငံရေးပါတီ ၃၅ ပါတီ အနက်  ၂၈  ပါတီသာ    သတ်မှတ် အင်အားပြည့်မီသည်ကို   တွေ့ရှိရ ကြောင်း၊ ပါတီရုံးခန်းများ  ဖွင့်လှစ် ရာတွင်လည်း    ရက်ပေါင်း    ၁၈၀ ပြည့်ပြီးသည့်    နိုင်ငံရေးပါတီ ၃၂ ပါတီအနက် ၁၉ ပါတီသာ သတ်မှတ် ချက်နှင့်အညီ ဖွင့်လှစ်ပြီးဖြစ်သည် ကို   တွေ့ရှိရကြောင်း၊     သို့ဖြစ်၍ ပါတီဝင်အင်အားနှင့် ရုံးခန်းဖွင့်လှစ် ခြင်းကို   သတ်မှတ်ချက်နှင့်အညီ ပြည့်မီအောင် ဆောင်ရွက်ကြရန် လိုကြောင်း၊  ပါတီရုံးခန်းဖွင့်လှစ် ခြင်း၊ ပါတီဆိုင်းဘုတ်တင်ခြင်းများ ဆောင်ရွက်ရာတွင်  သက်ဆိုင်ရာ ဌာနများ၏     ခွင့်ပြုချက်ရရှိရေး အတွက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က         သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊   တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ စည်ပင် သာယာရေး     ကော်မတီများကို ညှိနှိုင်းအကြောင်းကြားပြီး    ဖြစ် ကြောင်း။


ကော်မရှင်အနေဖြင့်          ပါတီ အားလုံး           ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိစေရန်    ဥပဒေနှင့် အညီ   အချိန်ပေးပြီး   စိတ်ရှည်စွာ ပေါင်းစပ်ညှိနှိုင်း     ဆောင်ရွက်နေ ခြင်းကြောင့်      ပါတီဝင်အင်အား ပြည့်မီရေး        အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံ ရေးပါတီများ          မှတ်ပုံတင်ခြင်း ဥပဒေသတ်မှတ်ချက်အတိုင်း ပါတီ ဝင်ဦးရေ  စည်းရုံးခြင်းနှင့်   ပါတီ ရုံးခန်းများ ဖွင့်လှစ်ခြင်းကို ဆောင် ရွက်နိုင်ခြင်းမရှိပါက     နိုင်ငံရေး ပါတီ        မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍  ပါတီကို   ဖျက်သိမ်းရ မည်ဟု  ပြဋ္ဌာန်းထားသဖြင့် ဥပဒေ နှင့်အညီ တိကျစွာအကောင်အထည် ဖော်   လိုက်နာဆောင်ရွက်ရန်လို ကြောင်း၊     နိုင်ငံရေးပါတီများ အနေဖြင့်  ခိုင်မာအားကောင်းမှသာ စစ်မှန်၍      စည်းကမ်းပြည့်ဝ သော   ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး        ဖော်ဆောင်ရာတွင်          များစွာ    အထောက်အကူရရှိမည် ဖြစ်ပါကြောင်း။

ပြည်ထောင်စု  ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်  ရွေးကောက် ပွဲအောင်မြင်စွာ    ကျင်းပနိုင်ရေး အတွက်  ကြိုတင်ပြင်ဆင်ဆောင် ရွက်ရန်ရှိသည်များကို ဆောင်ရွက် လျက်ရှိပါကြောင်း၊  ရွေးကောက် ပွဲကို    အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ကျင်းပမည်ဖြစ်ရာ စနစ် နှင့်ကိုက်ညီသည့်     သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ  ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်း ထုတ်ပြန်နိုင်ရေး        ဆောင်ရွက် လျက်ရှိပါကြောင်း၊     မဲစာရင်း များ   ပြည့်စုံမှန်ကန်ရေးကိုလည်း အလေးထား  ဆောင်ရွက်လျက်ရှိ ပါကြောင်း၊  မဲစာရင်းများ  ပြည့်စုံ မှန်ကန်ရေးစိစစ်ရာတွင် သက်ဆိုင် ရာ နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်များ     ပါဝင်ဆောင်ရွက် ခွင့်ပြုမည်ဖြစ်ကြောင်း၊ ရွေးကောက် ပွဲကို   လွတ်လပ်၊    တရားမျှတမှုရှိ စေရန် ကော်မရှင်အနေဖြင့် ပြဋ္ဌာန်း ထားသည့် ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ  တိကျစွာ  ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ တစ်ဆက် တည်း       နိုင်ငံရေးပါတီများ၏ ပါတီစုံဒီမိုကရေစီ      အထွေထွေ ရွေးကောက်ပွဲ         အောင်မြင်စွာ ကျင်းပနိုင်ရေး     အကြုံပြုချက် စာတမ်းဖတ်ကြားခြင်းကို ဆောင် ရွက်သွားမည်ဖြစ်ရာ ရွေးကောက် ပွဲလုပ်ငန်းစဉ်များ စီမံဆောင်ရွက် ခြင်း၊   အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင်      လွတ်လပ်မှု၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာ မှုရှိပြီး လုံခြုံအေးချမ်းတည်ငြိမ်စွာ ကျင်းပနိုင်ရေးအတွက် ဝင်ရောက် ယှဉ်ပြိုင်မည့်    နိုင်ငံရေးပါတီများ ၏       ပူးပေါင်းဆောင်ရွက်မှုနှင့် ကောင်းမွန်သော      အကြံဉာဏ် များကို       အပြုသဘောဆောင်  တင်ပြပေးကြစေ       လိုကြောင်း   ပြောကြားသည်။


ထို့နောက်     အခမ်းအနားသို့ တက်ရောက်လာသည့်    နိုင်ငံရေး ပါတီများမှ      တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီ         အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး    အကြံပြုချက်စာတမ်း ကို အကျဉ်းချုပ်   တင်ပြဆွေးနွေး ကြပြီး  ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌက        နိဂုံးချုပ် အမှာစကား       ပြောကြားကာ အခမ်းအနားကို    ရုပ်သိမ်းလိုက် သည်။

အဆိုပါ       အခမ်းအနားသို့ ပြည်ထောင်စု         ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊    ရန်ကုန် တိုင်းဒေသကြီး     လူမှုရေးဝန်ကြီး၊ ဥပဒေချုပ်၊          နိုင်ငံရေးပါတီ ၄၂     ပါတီမှဥက္ကဋ္ဌများ၊         ပါတီ ခေါင်းဆောင်များ၊   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ဌာနဆိုင်ရာ        တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း     သတင်း ရရှိသည်။      

သတင်းစဉ်