လူငယ်များ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးမှုဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့...

Type
4

 

လင်းဉာဏ် (MISIS)

နေ့စဉ်နှင့်အမျှ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည့်  မျက်မှောက်ခေတ် ကမ္ဘာတွင် ရှင်သန်ရပ်တည်နိုင်ရန်နှင့် မိမိတစ်ဦးချင်းစီ၊  အစုအဖွဲ့နှင့် နိုင်ငံအတွက်       အကျိုးစီးပွားများကို    မြှင့်တင်နိုင်ရန်တို့အတွက် စွမ်းဆောင်ရည်တည်ဆောက်ခြင်း    (Capacity  Building)   သည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
 လူသားမျိုးနွယ်စုတစ်ရပ်လုံးအပေါ်  
အကျိုးသက်ရောက်မှု ရှိလာနိုင်
ရာစုနှစ်တစ်ခုအတွင်း ကြုံတောင့်ကြုံခဲဖြစ်သော ဖြစ်စဉ်များသည် ကမ္ဘာတစ်ဝန်း ပေါ်ပေါက်နေသည်။ အင်အားကြီးနိုင်ငံကြီးများအကြား အကျိုးအမြတ်အတွက်  အကြီးအကျယ် ပြိုင်ဆိုင်မှုများ၊ ကမ္ဘာ့နိုင်ငံ အများအပြားတွင်   ဖြစ်ပွားနေသော     လက်နက်ကိုင်ပဋိပက္ခများ၊ ရှားပါးကပ်ရောဂါဆိုးကြီးကြောင့်  ထိခိုက်ဆုံးရှုံးမှုများနှင့် သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ အန္တရာယ်များ၏  ခြိမ်းခြောက်မှုများ သည်    လူသားမျိုးနွယ်စုတစ်ရပ်လုံး၏    အနာဂတ်အပေါ်     အကျိုး သက်ရောက်မှု ရှိလာနိုင်မည်ဖြစ်သည်။
ဤစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ပြည်သူတစ်ဦးချင်းစီ၏ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ ရင်းနှီးမြှုပ်နှံမှုများ ရရှိရေးနှင့် အသက်မွေးဝမ်းကျောင်းမှုတို့ကို       မြှင့်တင်ပေးရန်   လိုအပ်သည်။ ထို့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊  ဒေသတွင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ စီမံခန့်ခွဲမှုများတွင်  ပူးပေါင်းဆောင်ရွက်ရေးနှင့် အချင်းချင်း ဆက်သွယ်ဆောင်ရွက်ရေးအပိုင်းတို့တွင်       စွမ်းဆောင်ရည် တည်ဆောက်မြှင့်တင်ရန် လိုအပ်လှပေသည်။   
စဉ်ဆက်မပြတ် လေ့လာသင့်
စွမ်းဆောင်ရည်တည်ဆောက်ခြင်းအတွက် မရှိမဖြစ်အရေးကြီး သည့် အချက်သည် အပေါ်ယံပြောင်းလဲခြင်းထက် အတွင်းသဏ္ဌာန် ပြောင်းလဲခြင်းဖြစ်သော စိတ်ထားနှင့် ခံယူချက်များ ပြောင်းလဲရေးပင် ဖြစ်သည်။    အနာဂတ်မျိုးဆက်သစ်များဖြစ်ကြသော ကျောင်းသား အရွယ် လူငယ်များမှစ၍ စွမ်းဆောင်ရည်တည်ဆောက်ခြင်းဖြင့် အရည် အသွေး ပြည့်ဝသော လူငယ်များဖြစ်လာမည်ဖြစ်သည်။  ယနေ့ခေတ် သည်   နိုင်ငံများအကြား   အပြန်အလှန်     အမှီသဟဲပြုခြင်းအပေါ် မှီတည်နေရခြင်းဖြစ်ရာ    မြန်မာလူငယ်များအနေဖြင့်    အိမ်နီးချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ  နိုင်ငံရေး၊  စီးပွားရေး၊ လူမှုဘဝ ဖြစ်ပေါ် တိုးတက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် လေ့လာ သင့်ပေသည်။ 
ဒီဇင်ဘာ ၂၇ ရက်မှ  ၂၈ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပခဲ့
မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဝါဒကို လိုက်နာ၍   လွတ်လပ်၍      တက်ကြွသော    နိုင်ငံခြားရေးမူဝါဒဖြင့် ဒေသတွင်းနှင့်  နိုင်ငံတကာ    အသိုက်အဝန်းအကြား     ပူးပေါင်း ဆောင်ရွက်ရေးနှင့် မိတ်ဖက်ဆက်ဆံရေးကို ထိန်းသိမ်းလျက်ရှိသည်။ လူငယ်များ    စွမ်းဆောင်ရည်တည်ဆောက်ရေးဆိုင်ရာ     ပူးပေါင်း ဆောင်ရွက်မှုအဖြစ်      မြန်မာနိုင်ငံမဟာဗျူဟာနှင့်    နိုင်ငံတကာ လေ့လာရေးအဖွဲ့နှင့် မဲခေါင်ဒေသ လေ့လာရေးဆိုင်ရာ ကမ္ဘာ့စင်တာ (Global Center for Mekong Studies-GCMS)  ၏ China Institute of International Studies (CIIS) တို့ ပူးပေါင်း၍ မြန်မာလူငယ်များ အတွက် စွမ်းရည်တည်ဆောက်မှုသင်တန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ  ၂၈ ရက်အထိ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ 
ဖော်ပြပါသင်တန်းတွင်   ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးနှင့်  နိုင်ငံရေးသိပ္ပံဌာန၊ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တို့မှ   နိုင်ငံတကာ လေ့လာရေးဘာသာရပ်ဖြင့်      ဘွဲ့ရရှိပြီးသူများ၊    ဂုဏ်ထူးတန်း တက်ရောက်နေကြသူများ     ကျောင်းသား  ကျောင်းသူ စုစုပေါင်း  ၂၅  ဦးတို့ တက်ရောက်ခဲ့ကြပြီး  ကမ္ဘာ့လုံခြုံရေးဆိုင်ရာ   ဦးဆောင် ဦးရွက်ပြုမှု (Global Security Initiative-GSI)၊ ကမ္ဘာ့ယဉ်ကျေးမှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု (Global Civilization Initiative-GCI)၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု (Global Development Initiative-GDI)၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူငါးရပ် (Five Principle of Peaceful Co-existence)၊  မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု   (Mekong-Lancang   Cooperation-MLC)   တို့နှင့် စပ်လျဉ်း၍ လေ့လာဆွေးနွေးခဲ့ကြသည်။ 
ထိုသို့ဆွေးနွေးရာတွင်          သက်ဆိုင်ရာဘာသာရပ်များ၏ မျက်မှောက်ခေတ်နှင့်  ဆီလျော်မှု၊  မဲခေါင်ဒေသအတွင်း လူ့အသိုက် အဝန်းများ၏ သဟဇာတဖြစ်မှု၊    မဲခေါင်ဒေသအတွင်း   အာဆီယံ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံရေးမူဝါဒတွင်  ထည့်သွင်းစဉ်းစား ရမည့်စိန်ခေါ်မှုများ   စသည်တို့ကို   သုတေသီများနှင့်    ကျောင်းသား ကျောင်းသူများက ဆွေးနွေးတင်ပြခဲ့ပါသည်။
 ကမ္ဘာ့စင်တာများကို  အဖွဲ့ဝင်နိုင်ငံ  
ခြောက်နိုင်ငံတွင် တည်ထောင်ခဲ့ပြီးဖြစ် 
မဲခေါင်ဒေသလေ့လာရေးဆိုင်ရာကမ္ဘာ့စင်တာ  (GCMS) ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင်   ကမ္ဘောဒီးယားနိုင်ငံ၌ ပထမဆုံး ဖွင့်လှစ်ခဲ့ သည်။ မဲခေါင်-လန်ချန်းဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအောက်တွင် စီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ပူးတွဲသုတေသနလုပ်ငန်းများ နှင့် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲများ ဆောင်ရွက်ရန်အတွက် မဲခေါင် ဒေသ     လေ့လာရေးဆိုင်ရာ   ကမ္ဘာ့စင်တာများကို    အဖွဲ့ဝင်နိုင်ငံ  ခြောက်နိုင်ငံတွင် တည်ထောင်ခဲ့ပြီးဖြစ်သည်။ 
GCMS တွင် think-tank အဖွဲ့အစည်းများဖြစ်သော တရုတ်နိုင်ငံ၏ China Institute for International  Studies (CIIS)၊ ကမ္ဘောဒီးယား နိုင်ငံ၏ Cambodian Institute   for  Cooperation and   Peace (CICP)၊   ဗီယက်နမ်နိုင်ငံ၏   Diplomatic   Academy of Vietnam (DAV)၊   လာအိုနိုင်ငံ၏   Laos   Institute of Foreign Affairs (IFA)၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့်           နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး (Myanmar Institute of Strategic and International Studies-MISIS) နှင့်  ထိုင်းနိုင်ငံ၏ Devawongse Varopakarn Institute of Foreign Affairs (DVIFA) တို့ပါဝင်သည်။ 
GCMS     သည်   ဒုတိယအကြိမ်    မဲခေါင်-လန်ချန်း   ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ   နိုင်ငံခြားရေးဝန်ကြီးများ  အစည်းအဝေး၌ တရုတ်နိုင်ငံမှ အဆိုပြုခဲ့သော   အဆိုပြုချက်   ၁၃  ခုအနက် တစ်ခု အပါအဝင်ဖြစ်သည်။  GCMS   ၏   ပထမဆုံး    အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲကို   ၂၀၁၈  ခုနှစ်  မတ်လတွင် ပေကျင်းမြို့၌ ကျင်းပခဲ့ပြီး GCMS မြန်မာစင်တာ  အပါအဝင်  အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံမဟာဗျူဟာနှင့်         နိုင်ငံတကာလေ့လာရေးအဖွဲ့ အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ယနေ့ကမ္ဘာကြီးနှင့် ဒေသတွင်းဆိုင်ရာ    လုံခြုံရေးနှင့်   စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများ၊      ဖွံ့ဖြိုးရေးတွင်       ဒေသတွင်း   ပူးပေါင်း ဆောင်ရွက်မှုများ  စသည့်ဘာသာရပ်များကို အများပြည်သူများသို့ မျှဝေနိုင်ရန်  တစ်တပ်တစ်အား  ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယခုကျင်းပပြုလုပ်နိုင်ခဲ့သည့်   စွမ်းဆောင်ရည်မြှင့်တင်မှု   သင်တန်း သည်   အနာဂတ်မျိုးဆက်သစ်များကို  အတွေ့အကြုံများ တိုးတက် ရရှိလာစေရန် အားထုတ်မှုတစ်ရပ်ဖြစ်သည်။     ။