ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကန့်ကွက်ရှုတ်ချပွဲများ ပြုလုပ်

 

နေပြည်တော်  ဇန်နဝါရီ  ၁၂


အကြမ်းဖက်သောင်းကျန်းသူများ က  ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓ ဆင်းတုတော်များအား  ဖျက်ဆီး စော်ကားမှုအား ကန့်ကွက်ရှုတ်ချ ပွဲများကို   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌   ကျင်းပ ပြုလုပ်လျက်ရှိသည်။


ထိုသို့    ပြုလုပ်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေရှိ   မြို့တော်ခန်းမရှေ့၌ လည်းကောင်း၊   ရှမ်းပြည်နယ် (တောင်ပိုင်း)   တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာ ဘုရား စေတီရင်ပြင်၌   လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့     ခရိုင်အားကစားကွင်း၌ လည်းကောင်း၊ ကျောက်ဆည်မြို့ ရွှေသိမ်တော်ဘုရားဝင်းအတွင်း၌ လည်းကောင်း၊   ကျောက်ပန်း တောင်းမြို့    မြို့နယ်အားကစား ကွင်း၌လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး  မကွေးမြို့      ကန်သာ ရပ်ကွက်   ကန်သာကန်၌လည်း ကောင်း      ကျင်းပပြုလုပ်ကြရာ သတ်မှတ်နေရာ     အသီးသီးမှ ချီတက်စုဝေးကြပြီး သံဃာတော် များနှင့် မျိုးချစ်ပြည်သူ့ဦးဆောင်သူ များက ဗုဒ္ဓဘာသာအပေါ်ဖျက်ဆီး ရန်  လုပ်ဆောင်နေမှုများကို  ကန့် ကွက်ကြောင်း ဟောပြောသည်။ 


ထို့နောက် ကန့်ကွက်ရှုတ်ချ ပွဲသို့ တက်ရောက်လာကြသူများ က “ သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်     သူပုန်များအား ရှင်းလင်းရေး  (ဒို့အရေး)၊    ဗုဒ္ဓ သာသနာအား   အကြမ်းဖက် ဖျက်ဆီးနေသော သူပုန်များ(ကျရှုံး ပါစေ)၊ လူသတ်အကြမ်းဖက်သူပုန် မှန်သမျှ  (ဆန့်ကျင်ကြ)၊    ဗုဒ္ဓ သာသနာကို အကြမ်းဖက်ဖျက်ဆီး နေသော လူသတ်မိစ္ဆာသူပုန်များ အား  ရှင်းလင်းရေး  (ဒို့အရေး)၊ မြန်မာနိုင်ငံသား   ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ    ကိုးကွယ် ယုံကြည်သည့်   ဘုရား၊  စေတီ၊  ဆင်းတုတော်များအား ဖျက်ဆီး သူ(ဒို့ရန်သူ)၊   ဘုရား၊   စေတီ၊ ဆင်းတုတော်များကို ဖျက်ဆီးနေ သော  ပြည်ဖျက်မိစ္ဆာသောင်းကျန်း သူများ (ကျရှုံးပါစေ)၊ ဗုဒ္ဓဘာသာ ဝင်များ   အထွတ်အမြတ်ထားရာ ဘုရား၊ စေတီများအား  စော်ကား ဖျက်ဆီးသူ(ဒို့ရန်သူ)၊ ဒို့ဘာသာ၊ ဒို့သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီး စော်ကားသူများအား (ဆန့်ကျင် ကြ)၊     အကြမ်းဖက်အားပေး လောက်ကောင်များအား    (အလို မရှိ)၊  သာသနာဖျက်အကြမ်းဖက် သမားများ (အလိုမရှိ)” စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ် များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသည်။ 


အဆိုပါ ကန့်ကွက်ရှုတ်ချပွဲ များသို့   သက်ဆိုင်ရာ   မြို့နယ် အသီးသီးမှ   သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် မျိုးချစ်ပြည်သူများ  တစ်ခဲနက် တက်ရောက် ကန့်ကွက်ရှုတ်ချခဲ့ ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်