
နေပြည်တော် ဇန်နဝါရီ ၁၂
အာဆီယံအသိုက်အဝန်း မျှော်မှန်း ချက်(၂၀၄၅)အား အကောင် အထည်ဖော်ဆောင်မည့် မဟာဗျူဟာအစီအစဉ်များရေးဆွဲခြင်းနှင့် စပ်လျဉ်း၍ အာဆီယံ အသိုက်အဝန်းမဏ္ဍိုင် (၃)ရပ်၏ ဝန်ကြီးဌာနများအကြား ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးကို မြန်မာနိုင်ငံ ၏ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရေး ဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်က ဦးဆောင် ပြုလုပ်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
ရှင်းလင်းပြောကြား
အစည်းအဝေး၌ ဒုတိယ ဝန်ကြီးက အာဆီယံအသိုက် အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့၏ (၁၀) ကြိမ်မြောက် အစည်းအဝေး၌ အာဆီယံအသိုက် အဝန်းမျှော်မှန်းချက် (၂၀၄၅) အား “တက်ကြွ၍ ကြံ့ခိုင်မှုရှိသော ပြည်သူဗဟိုပြု အာဆီယံ” ဆောင်ပုဒ်ဖြင့် အပြီးသတ်ရေးဆွဲ ခဲ့ခြင်းအပါအဝင် အဆိုပါ မျှော်မှန်း ချက် အကောင်အထည်ဖော် ဆောင်မည့် နိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်း မဟာဗျူဟာအစီ အစဉ်၏ ဖြစ်ပေါ်တိုးတက်မှု၊ မဟာဗျူဟာအစီအစဉ် ရေးဆွဲမှု ပုံစံနှင့် ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံ စီးပွားရေးအသိုက်အဝန်းနှင့် လူမှု -ယဉ်ကျေးမှုအသိုက်အဝန်းကဲ့သို့ အခြားသက်ဆိုင်ရာ အာဆီယံ မဏ္ဍိုင်များအနေဖြင့်လည်း မဟာ ဗျူဟာအစီအစဉ်များ ရေးဆွဲရာ တွင် မဏ္ဍိုင်အသီးသီးအောက်ရှိ သက်ဆိုင်ရာကဏ္ဍအလိုက် အဖွဲ့ အစည်းများနှင့် နီးကပ်စွာ ညှိနှိုင်း ဆောင်ရွက်ရန် ဒုတိယဝန်ကြီးက တိုက်တွန်းပြောကြားသည်။
အကြံပြုချက်များပေးပို့
ထို့ပြင် ဒုတိယဝန်ကြီးသည် အာဆီယံ နိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ မဟာ ဗျူဟာအစီအစဉ် မူကြမ်း၏ အဆိုပြု လုပ်ငန်းအစီအစဉ်များ အပေါ် ၎င်း၏သဘောထား အမြင် များကို မျှဝေဆွေးနွေးခဲ့ပြီး လုပ်ငန်းအစီအစဉ် မူကြမ်းများ အပေါ် နိုင်ငံ၏ အမျိုးသားအကျိုး စီးပွားရှုထောင့်အရ သဘောထား အကြံပြုချက်များ ပေးပို့သွားရန် အရေးကြီးကြောင်းကို အလေး ထား ပြောကြားသည်။
အစည်းအဝေးတွင် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက် အဝန်း မဟာဗျူဟာ အစီအစဉ်၏ မဟာဗျူဟာ ရည်မှန်းချက်များ အောက်ရှိ အဆိုပြုလုပ်ငန်းအစီ အစဉ်များနှင့်ပတ်သက်၍ တက် ရောက်လာသည့် ကိုယ်စားလှယ် များအကြား အသေးစိတ် ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး ၎င်းတို့၏ အတွေးအမြင်များကို ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ အလားတူ အာဆီယံစီးပွားရေး အသိုက်အဝန်းနှင့် လူမှု-ယဉ်ကျေး မှုအသိုက်အဝန်းတို့မှ ကိုယ်စား လှယ်များက အာဆီယံအသိုက် အဝန်း မျှော်မှန်းချက်(၂၀၄၅)၏ သက်ဆိုင်ရာ မဏ္ဍိုင်အလိုက် မဟာဗျူဟာ အစီအစဉ်များ ရေးဆွဲထားရှိခြင်းဆိုင်ရာ လက်ရှိ ကာလအထိ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြ သည်။
သတင်းစဉ်