တပ်မတော်(ရေ)မှ မြန်မာ့ပင်လယ်ပြင်တွင် ငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် ဖမ်းဆီးရမိ

 

နေပြည်တော်    ဇန်နဝါရီ   ၁၁
တပ်မတော်(ရေ)မှ  မြန်မာ့ပင်လယ်ပြင်တွင် ငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)  ၁  ဒသမ  ၄၅  တန်  ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။ 
ဇန်နဝါရီ  ၄  ရက်  ညနေ  ၃  နာရီခွဲတွင် တပ်မတော်(ရေ)မှ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ၊ ပင်လယ်ပြင် (ခန့်မှန်း မြောက် လတ္တီတွတ်  ၁၄  ဒီ  ၀၀  မိနစ်၊  အရှေ့လောင်ဂျီကျု ၉၅ ဒီ ၂၁ ဒသမ ၉ မိနစ်) ၌ အလျား ၅၄ ပေ ၁၀ လက်မ၊ အနံ ၁၁ ပေ၊ ရေစူး  ၄  ပေခန့်အရွယ် (သစ်သား ကိုယ်ထည်)  ရန်လင်းကျော် (၄) အမည်ရှိ စက်လှေအား စစ်ဆေး ရှာဖွေရာ အဆိုပါစက်လှေပေါ်တွင် အောင်သိန်း (ခ) ဝတုတ်၊ တူးနိုင်၊ မောင်ဇော်နှင့်         ဖိုးလပြည့်တို့ လေးဦးနှင့်အတူ     ဒေသကာလ တန်ဖိုးငွေကျပ်  ၃၆  ဒသမ  ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း) ၁ ဒသမ ၄၅ တန်  ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ  ဇန်နဝါရီ ၇ ရက် ည ၁၁ နာရီခွဲတွင် အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌  ပူးပေါင်းပါဝင်သူ  စိုးကျော်   (ခ)   စိုးစိုးကျော်အား တနင်္သာရီတိုင်းဒေသကြီး   ကော့ သောင်းမြို့     ကမ်းနီးတံတားတို ဆိပ်ကမ်းတွင် ဆက်လက်ဖမ်းဆီး ရမိခဲ့ကြောင်း၊    စစ်ဆေးဖော်ထုတ် ချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း)     များကို ဟိုင်းကြီးကျွန်းမြို့၏      အရှေ့ တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်မှ ကော့သောင်းရေပိုင် နက်သို့   သယ်ဆောင်ပြီး    ၎င်းမှ တစ်ဆင့်    ပြည်ပသို့ဆက်လက် ပို့ဆောင်မည်ဖြစ်ကြောင်း    သိရှိရ သဖြင့်   အိုက်စ်   (မက်သ်အဖက် တမင်း) များ တာဝန်ခံသယ်ဆောင် သူများဖြစ်သည့် ချစ်ထူးနိုင်(ခ)ဆရာချစ် နှင့် ကျော်ဇင်ဦး တို့ပါ တရားခံ  ခုနစ်ဦးအား   ဥပဒေအရ အရေးယူထားရှိပြီး     ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက် လက်  စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။  

သတင်းစဉ်