
နေပြည်တော် ဇန်နဝါရီ ၁၁
စစ်ရေးဖြင့် သက်ဆိုင်ခြင်းမရှိသည့် ဘုရားစေတီ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး စော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများ အား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ လွတ်လပ် ရေး ပန်းခြံကျောက်တိုင်ကွင်း၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူ များက လားရှိုးမြို့ရှိ လွတ်လပ်ရေးပန်းခြံကျောက်တိုင် ကွင်း၌ စုဝေးကြပြီး သံဃာတော်များနှင့် မြို့မိမြို့ဖ များက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင် နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောကြသည်။
ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက် လာကြသူများက “အမျိုးဘာသာသာသနာအား ဖျက်ဆီးသည့် အကြမ်းဖက်အဖွဲ့များ အလိုမရှိ၊ ဘာသာ အကျိုး ဒို့သည်ပိုး၊ အချုပ်အခြာအာဏာကို ထိပါး စော်ကားသော ပြည်ဖျက် မိစ္ဆာများအား ဆန့်ကျင်ကြ၊ အကြမ်းဖက်သမားများ ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပြန်လာလိမ့်မည်” ဟူသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်