ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ကျောက်ပန်းတောင်းမြို့တွင် သာသနာရေးဆိုင်ရာများဆောင်ရွက်၍ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

 

နေပြည်တော်  ဇန်နဝါရီ   ၁၁
သာသနာရေးနှင့်    ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည်   မန္တလေး တိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးမျိုးအောင်၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့်အတူ  ယနေ့ နံနက် ပိုင်းတွင်    ကျောက်ပန်းတောင်းမြို့ မြို့ဦးအောင်စေတီဓမ္မာရုံ၌ နိုင်ငံ တော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာ တော်များ၊ တိုင်းဒေသကြီး သံဃ နာယက ဆရာတော်နှင့် မြို့နယ် သံဃနာယကအဖွဲ့   ဆရာတော် များအား   ဖူးမြော်ကြည်ညိုပြီး ကျောက်ပန်းတောင်းမြို့  စိတ္တ ပါလဂူစာသင်တိုက်   နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်  အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တဇဋိလထံမှ   ငါးပါး သီလ ခံယူဆောက်တည်ပြီး ဆရာ တော်ထံမှ     ဩဝါဒခံယူကာ ပြည်ထောင်စုဝန်ကြီးက သာသနာ ရေးဆိုင်ရာများကို လျှောက်ထား သည်။    
ပြည်ထောင်စု     ဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဆရာတော်  အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မ အလှူငွေများ၊  ဥပ္ပါတသန္တိကျမ်း စာအုပ်များ၊ ဂီရိမာနန္ဒကျမ်းစာအုပ် များကို     ဆက်ကပ်လှူဒါန်းပြီး စိတ္တပါလဂူစာသင်တိုက်၊ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ   အဂ္ဂ မဟာ   ဂန္ထဝါစကပဏ္ဍိတ   ဘဒ္ဒန္တ သုမနဓဇထံမှ  ရေစက်ချတရား နာယူကြည်ညိုကြသည်။
ဆက်လက်၍ နေပြည်တော် ဥပ္ပါတသန္တိ       စေတီတော်တွင် အနေကဇာတင်    ပူဇော်ပြီးသော ပန်းပေါင်းစုံ  ဗုဒ္ဓရုပ်ပွားဆင်းတု တော် ၁၀၀၈ ဆူနှင့်  ဥပ္ပါတသန္တိ ကျမ်းစာအုပ်များကို ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီး ချုပ်တို့က  ကျောက်ပန်းတောင်း မြို့နယ်ရှိ   အများပြည်သူများ ကိုးကွယ်   ပူဇော်နိုင်ရန်အတွက် ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီး     အောင်ဇော်မိုးနှင့် မြို့မိမြို့ဖများထံ လှူဒါန်းသည်။
ယင်းနောက်   ကျောက်ပန်း တောင်းမြို့နယ်    ကုန်းတော်ကြီး မင်္ဂလာစေတီ၌ အသံမစဲ ဥပ္ပါတ သန္တိကျမ်းမြတ် ရွတ်ဆိုပူဇော်နေ မှုကို သွားရောက်ကြည်ညိုနာယူ ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်   မြတ်ရွှေဂူ စာသင်တိုက်ဆရာတော်   ဘဒ္ဒန္တ သုဇာတ အရှင်သူမြတ်နှင့် မြို့နယ် သံဃနာယကအဖွဲ့ဝင် ဘဒ္ဒန္ဒဣန္ဒ က အရှင်သူမြတ်တို့အား  ဖူးမြော် ကြည်ညိုကာ      လှူဖွယ်ဝတ္ထု ပစ္စည်းများ   ဆက်ကပ်လှူဒါန်း သည်။ 
ထို့နောက်      ပြည်ထောင်စု ဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကျောက်ပန်းတောင်း မြို့အတွက် တည်ဆောက်လျက် ရှိသည့်  မြို့တော်ခန်းမနေရာသို့ ဝင်ရောက်ကြည့်ရှုရာ    မြို့နယ် စည်ပင်သာယာရေးအဖွဲ့    အမှု ဆောင်အရာရှိက မြို့တော်ခန်းမ တည်ဆောက်ပြီးစီးမှုအခြေအနေ ကို      ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက ကျောက် ပန်းတောင်းမြို့အတွက် အကျိုးရှိ သော    မြို့တော်ခန်းမဖြစ်သည့် အတွက်   အရည်အသွေး၊   စံချိန် စံညွှန်း   ကောင်းမွန်စွာဖြင့်  သတ် မှတ်ကာလအတွင်း   ပြီးစီးအောင် တည်ဆောက်သွားရန်   မှာကြား သည်။  
ယင်းနောက်    ကျောက်ပန်း တောင်းမြို့  အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန  စကာဝါမြေခန်းမ တွင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များနှင့် တွေ့ဆုံ၍ မြန်မာ့ယဉ်ကျေး မှုအမွေအနှစ်နှင့်    ဘာသာရေး ဆိုင်ရာဓလေ့ထုံးစံများကို အလေး ထားစေရေး   မှာကြားခဲ့ကြောင်း သိရသည်။   
သတင်းစဉ်