နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် (၈၆)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့  အလံတင်အခမ်းအနား တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် (၈၆)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ 
အလံတင်အခမ်းအနား၊ မြောင်းမြမြို့ မြစိမ်းရောင်တောင်တော်၌ ကရင်နှစ်သစ်ကူးနေ့တွင် ကျင်းပသည့်   
“ထူးချင်ဖူးစမ်း မြစိမ်းရောင်ပြခန်း”တက်ရောက်ဖွင့်လှစ်၍ (၈၆)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် တက်ရောက်

 

 

ပုသိမ်    ဇန်နဝါရီ    ၁၁
ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ် (၈၆)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ် ကူးနေ့ အလံတင်အခမ်းအနားကို ယနေ့ နံနက် ၅ နာရီက ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြမြို့နယ် မြစိမ်းရောင်တောင်တော်ပေါ်တွင်  စည်ကားသိုက်မြိုက်စွာကျင်းပသည်။ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖားစည်ကိုးချက်တီးကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုအသင်း ဥက္ကဋ္ဌက  ကရင်အလံတော်အား ကရင်အမျိုးသားသီချင်းဖြင့်    လွှင့်ထူသည်။ ထို့နောက်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ နှင့် ကရင်အမျိုးသားအလံတော်အား အလေးပြုခဲ့ကြသည်။  
ဆက်လက်၍   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်က ဧည့်ပရိသတ်များကို    နှုတ်ခွန်း ဆက်စကားပြောကြားပြီး ကရင် ဒုံးယိမ်းအကများဖြင့်     ကပြ ဖျော်ဖြေသည်။ 
ယင်းနောက်    မြစိမ်းရောင် တောင်တော်၌    ကျင်းပသည့် “ထူးချင်ဖူးစမ်း     မြစိမ်းရောင် ပြခန်း”ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါတောင်တော် ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်   မန်းငြိမ်း မောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက် တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့်ဇနီး၊   တိုင်းဒေသကြီး ဝန်ကြီး များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ နှင့် ဒေသခံကရင်တိုင်းရင်းသား၊တိုင်းရင်းသူများ တက်ရောက်ခဲ့ကြ သည်။
ဦးစွာ ပြခန်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြခန်း အလှူရှင်များနှင့်အတူ ပြခန်းများ ကို     ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား    အမွှေး နံ့သာရည်များ     ပက်ဖျန်းပေး သည်။  (ယာပုံ)
ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် သည်    တာဝန်ရှိသူများနှင့်အတူ ကရင်ရိုးရာ    ယဉ်ကျေးမှုပြခန်း၊ စိုက်ပျိုးရေးနှင့်   မွေးမြူရေးသိပ္ပံ (မြောင်းမြ)ပြခန်း၊    စိုက်ပျိုးရေး သုတေသနဦးစီးဌာန     ပြခန်း၊ ဝါးခယ်မ၊ အိမ်မဲ၊ မြောင်းမြမြို့နယ် ပြခန်း၊ မြောင်းမြခရိုင် ဆန်စက် လုပ်ငန်းရှင်များပြခန်း၊    မြစိမ်း ရောင်တောင်တော်သို့ ဒေသခံများ မှ   လာရောက်လှူဒါန်းစုဆောင်း ထားသော   ကြေးထည်ပစ္စည်း များနှင့်     အသုံးအဆောင်များ၊ ငွေထည်ပစ္စည်းများနှင့်    အသုံး အဆောင်များ၊  ဘုရားစေတီများ၊ ငွေဖလားနှင့်    အသုံးအဆောင် ပစ္စည်းများ၊ ရှေးဟောင်းဘုရား များနှင့်    ရှေးဟောင်းကျောက် များအား    လှည့်လည်ကြည့်ရှု သည်။ (အောက်ပုံ)
ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် သည်      တာဝန်ရှိသူများနှင့်အတူ ကရင်နှစ်သစ်ကူးနေ့   အထိမ်း အမှတ်အဖြစ် ဖွင့်လှစ်သည့် မြစိမ်း ရောင်သာသနာ့နယ်မြေ ကွန်ကရစ် လမ်းသစ်များနှင့်    ဂဝံလမ်းသစ် ဖွင့်ပွဲအခမ်းအနား  တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး   ကွန် ကရစ်လမ်းသစ်များနှင့် ဂဝံလမ်း သစ်အား      လှည့်လည်ကြည့်ရှု စစ်ဆေးသည်။             
ယနေ့ဖွင့်လှစ်သည့် လမ်းသည် ကွန်ကရစ်လမ်း ၁ မိုင် ၄ ဒသမ ၁၇ ဖာလုံ၊ ကတ္တရာလမ်းအတိုင်း အတာအားဖြင့် ၃ ဒသမ  ၅ ဖာလုံ နှင့် ဂဝံလမ်း ၄ ဒသမ၀ ၁ ဖာလုံ  စုစုပေါင်း  အတိုင်းအတာ ၂  မိုင် ၄  ဒသမ  ၂၂  ဖာလုံအား နှစ်နှစ်တာ ကာလအတွင်း  အလှူရှင်များက   ထည့်ဝင်လှူဒါန်းပြီး   ကိုယ်ထူ ကိုယ်ထ  ဖောက်လုပ်လှူဒါန်းခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ် (၈၆)  နှစ်မြောက် ကရင်အမျိုးသား   နှစ်သစ်ကူး ပွဲတော်ကို    ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ မြို့ မြစိမ်းရောင်တောင်တော်၌ ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်   မန်းငြိမ်း မောင်၊   တိုင်းဒေသကြီးဝန်ကြီး ချုပ်     ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာချုပ် တိုင်းမှူးနှင့်ဇနီး၊  အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊   ဌာန ဆိုင်ရာများ၊ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများ   တက်ရောက် ကြသည်။
ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်က ဖားစည် ကိုးချက်တီး၍   အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကရင်ရိုးရာယဉ်ကျေး မှုဒုံးအဖွဲ့က ဂုဏ်ပြုကပြဖျော်ဖြေ သည်။ ဆက်လက်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး    သတိုးမဟာ သရေစည်သူ  သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဖတ်ကြားသည်။  
ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသ ကြီးအနေဖြင့်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အမျိုးသား  ရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ  စိုက်ပျိုး ရေးစံပြ တိုင်းဒေသကြီးဖြစ်စေရေး ရည်မှန်းချက်ထား    ဆောင်ရွက် လျက်ရှိပါကြောင်းနှင့်   တိုင်းဒေသ ကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များလည်း  အောင်မြင်တိုးတက် စေရေး အားလုံးချစ်ကြည်ရင်းနှီး စွာ ပူးပေါင်းဆောင်ရွက်ပေးကြစေ လိုကြောင်း  နှစ်သစ်နှုတ်ခွန်းဆက် စကားများပြောကြားပြီး အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး က ဆက်လက်၍   နှုတ်ခွန်းဆက် စကားများ ပြောကြားသည်။
ဆက်လက်၍   ငုအိုင်ဆရာ တော် ဘဒ္ဒန္တသေဋိလနှင့်    ကက် သလစ်သာသနာ  ဘုန်းတော်ကြီး ဖာသာရ်ဝီးလ်ဖရက် မန်းမြင့်စိုး တို့က နှစ်သစ်နှုတ်ခွန်းဆက်စကား များ   ပြောကြား၍   ဆုတောင်း မေတ္တာများ  ပို့သခဲ့ပြီး  တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ    ပေးပို့ သော ကရင်အမျိုးသားနှစ်သစ်ကူး နေ့သဝဏ်လွှာအား   ဧရာဝတီ တိုင်းဒေသကြီး   တိုင်းရင်းသား ရေးရာဝန်ကြီးက  ဖတ်ကြားကာ   တိုင်းဒေသကြီး     ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း     ဥက္ကဋ္ဌက ကရင်နှစ်သစ်ကူးနေ့အကြောင်း သိကောင်းစရာများနှင့်    ကျေးဇူး တင်စကားများ      ပြောကြား သည်။ 
ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည်    ကရင် တိုင်းရင်းသားလူငယ်များက ကရင် နှစ်သစ်ကူးသီချင်း ဂုဏ်ပြုသီဆိုမှု ကို ကြည့်ရှုအားပေးပြီး ဖျော်ဖြေ ရေးအဖွဲ့များအတွက် ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်