
နေပြည်တော် ဇန်နဝါရီ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ယနေ့မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာ ရရှိသူများ ဆုများအပ်နှင်းချီးမြှင့်ပွဲအခမ်းအနား တတိယနေ့သို့ တက်ရောက်သည်။
အခမ်းအနားတွင် ဆုများချီးမြှင့်အပ်နှင်းရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုက ဂုဏ်ထူး ဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေး စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဆုများကို ချီးမြှင့်အပ်နှင်းရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်)နှင့် ဒုတိယအဆင့်ရရှိသူများ၊ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ဒုတိယအဆင့်) ရရှိသူ များကိုလည်းကောင်း ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဦးတူးဂျာတို့က စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု(တတိယအဆင့်) ရရှိသူများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက စီးပွားရေး ဆိုင်ရာ ထူးချွန်ဆု (တတိယအဆင့်) ရရှိသူများနှင့် လူမှုရေးဆိုင်ရာထူးချွန်ဆု (တတိယအဆင့်) ရရှိသူ များကိုလည်းကောင်း ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများကို ချီးမြှင့်ပေးအပ် ကြသည်။
ဆက်လက်၍ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က မှတ်တမ်းတင် ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူများကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသူများနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကြ သည်။
အဆိုပါ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူး ဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာ များကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ် တည်ငြိမ်းအေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ စွမ်းစွမ်းတမံ ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား ဥပဒေပါအတိုင်း စိစစ်ရွေးချယ်၍ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု(ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယ အဆင့်) ရရှိသူဦးရေ စုစုပေါင်း ၁၃၅ ဦး၊ စီးပွားရေး ဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်) ရရှိသူဦးရေ စုစုပေါင်း ၂၉ ဦးတို့နှင့် လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ပထမ၊ ဒုတိယနှင့် တတိယအဆင့်) ရရှိသူ ဦးရေ စုစုပေါင်း ၁၅၃ ဦးတို့နှင့် မှတ်တမ်းတင်ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူ ၂၆၂ ဦး၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာတို့မှ စာစီစာကုံးနှင့် ကဗျာဆုရ ၂၅ ဦး စုစုပေါင်းလူပုဂ္ဂိုလ်အဖွဲ့အစည်း ၆၀၄ ဦးတို့အား ဇန်နဝါရီ ၉ ရက်မှစတင်၍ ယနေ့အထိ သုံးရက်တာ အခမ်းအနားဖြင့် ဂုဏ်ပြု ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်ဆိုင်းနှင့်အတူ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်/ ခရိုင်/ မြို့နယ် အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် သည်။
တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က မိမိတို့နိုင်ငံ၏ လူဦးရေ၏ ထက်ဝက်သည် အမျိုးသမီးများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ သို့ရာတွင် မိမိတို့အမျိုးသမီးများ၏ စွမ်းဆောင်ရည် နှင့် စိတ်ဓာတ်မြင့်မားလာစေရေးကို လေ့ကျင့် ပျိုးထောင်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးသည် မိမိတို့အမျိုးသမီးနှင့် မသက်ဆိုင်သည့်ကိစ္စဟု မမှတ်ယူဘဲ စဉ်ဆက်မပြတ်လေ့လာပြီး ပိုမိုကောင်းမွန် သည့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်ကြရ မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်နယ်အတွင်းရှိ အမျိုးသမီးများ ဘဝမြှင့်တင်ရေး၊ ဝင်ငွေတိုးပွားရေး နှင့် စွမ်းဆောင်ရည်မြင့်မားရေးအတွက် ယနေ့ တက်ရောက်လာကြသည့် အဖွဲ့ဝင်များအနေဖြင့် လက်တွဲခေါ်ဆောင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိအနေဖြင့် အမျိုးသမီးတစ်ဦးဖြစ်သကဲ့သို့ မိမိတို့ ကဲ့သို့ အနာဂတ်အမျိုးသမီးများဘဝ မြင့်မားရေး၊ စိတ်ဓာတ်၊ စွမ်းရည်ပြည့်ဝပြီး အိမ်ထောင်တာဝန် ကျေပွန်သည့် မိခင်ကောင်းများ ပေါ်ထွန်းလာစေရေး ကို စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးသွား ရမည်ဖြစ်ပါကြောင်း တိုက်တွန်းအားပေးပြောကြား သည်။
ထို့နောက် ကချင်ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နာယကက ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်မော် က ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၏ ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်က လုပ်ငန်းဆောင်ရွက် ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ လှုပ်ရှား မှုများကို စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ခဲ့ ခြင်းကြောင့် ပြည်နယ်အစိုးရအဖွဲ့က လူမှုထူးချွန်ဆုချီးမြှင့်ခဲ့ရသည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် သုံးဦးတို့က ဂုဏ်ပြုပန်းစည်းပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာကြသည့် အဖွဲ့ဝင်များနှင့်အတူ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံ ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင် နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံး များ အကြီးစားပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)