
နေပြည်တော် ဇန်နဝါရီ ၁၀
အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် H. E. Mr. Alounkeo Kittikhoun ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း (၇) ဖွဲ့တို့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုဗဟိုဌာန အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H. E. Mr. Alounkeo Kittikhoun ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများဖြစ်ကြသည့် ရခိုင် ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ် အစည်း အရုံး (LDU)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) တို့မှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
တွေ့ဆုံ ဆွေးနွေးပွဲတွင် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး အာဆီယံတူညီဆန္ဒ (၅) ရပ်၊ မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာ ကိစ္စများနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့ ကိုယ်စား KNU/KNLA ငြိမ်းချမ်း ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးက နှုတ်ခွန်းဆက်စကား ပြောကြား ပြီး တက်ရောက်လာသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း များက တစ်ဦးချင်း မိတ်ဆက် စကားများပြောကြားကာ တစ်ဖွဲ့ ချင်းစီ၏ သဘောထားအမြင်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ပြောကြားခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာ သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO) ဦးဆောင်နာယက ဦးခွန်ဥက္ကာက ကျေးဇူးတင်စကား ပြောကြားပြီး အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်