
နေပြည်တော် ဇန်နဝါရီ ၁၀
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ နတ်သံကွင်းရဲစခန်းအား အကြမ်းဖက်သမားများ လာရောက်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တောင်ငူ လေတပ်စခန်းဌာနချုပ်၌ ကျင်းပသည်။
အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်၊ တောင်ငူတပ်နယ်မှ တာဝန်ရှိသူများ၊ အရာရှိ/စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး နတ်သံကွင်းရဲစခန်းအား အကြမ်းဖက် သမားများ လာရောက်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် တပ်မတော် သား အရာရှိ၊စစ်သည်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ များကိုပေးအပ်ရာ အရာရှိ၊ စစ်သည် နှစ်ဦးကလည်း ကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးကလည်းကောင်း လက်ခံရယူကြ သည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကြပြီး ဖြစ်စဉ်တွင် အကြမ်းဖက်သမားများထံမှ ရရှိခဲ့သည့် လက်နက်၊ ခဲယမ်းများကို ကြည့်ရှုကြသည်။
ထို့နောက် နတ်သံကွင်းရဲစခန်းအား အကြမ်းဖက် သမားများ လာရောက်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် တပ်မတော် သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား နယ်မြေခံ တပ်မတော်ထောက်ပံ့နှင့် ပို့ဆောင်ရေးကျောင်း ဘုရင့်နောင်ခန်းမ၌ ဂုဏ်ပြုနေ့လယ်စာဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြသည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ရန်ကုန် - မန္တလေး ကားလမ်းဟောင်းပေါ်ရှိ ပဲနွယ် ကုန်းမြို့နှင့် ကျောက်ကြီးမြို့ကို ဆက်သွယ်ထားသော (၁၇)မိုင်ရှည်လျားသည့် လမ်းကြောင်းပေါ်မှ စစ်တောင်း မြစ်အား ဖြတ်ကူးသော နတ်သံကွင်းတံတား အရှေ့ ခြမ်း/အနောက်ခြမ်းတို့ရှိ လုံခြုံရေးအဖွဲ့များနှင့် နတ်သံကွင်းမြို့တွင်းရှိ မြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များ အခြေပြုနေထိုင်သည့် နတ်သံကွင်းရဲစခန်း အား KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ၂ဝ၂၃ ခုနှစ် နိုဝင် ဘာလမှစတင်ပြီး သွေးတိုးစမ်း ချောင်းမြောင်းပစ်ခတ် ခြင်း၊ ၎င်းတို့အကျိုးအမြတ်ရရှိရေး အဖွဲ့ငယ်များအား စနိုက်ပါဖြင့် လှည့်စားနှောင့်ယှက်ပစ်ခတ်ခြင်းနှင့် နတ်သံကွင်းရွာဝန်းကျင်၌ ၎င်းတို့ အင်အားတိုးမြှင့် ချထား၍ ဆက်သွယ်ရေးလမ်းကြောင်းနှင့် ရိက္ခာ ဖြတ်တောက်ပိတ်ဆို့ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်မှစ၍ အကြမ်းဖက်ပူးပေါင်းအင်အား ၂၀၀ ခန့်ဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်လာ ခဲ့သည်။
လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့
အကြမ်းဖက်သောင်းကျန်းသူများသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ ၁၃ ရက် တိုင်တိုင် စခန်းပတ်လည်နေရာတို့မှ ထိန်းချုပ်၍ ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်တိုက် ဆောင်ရွက်သော်လည်း စခန်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရွပ်ရွပ်ချွံချွံ တန်ပြန်တိုက်ခိုက်ခဲ့မှု၊ လိုအပ်သည့်ရိက္ခာနှင့်ခဲယမ်း များအား လေကြောင်းမှ ပို့ဆောင်ပေးနိုင်ခဲ့မှု၊ ထိရောက် သည့် စစ်ကူ၊ ပစ်ကူများ ပေးနိုင်ခဲ့မှုတို့ကြောင့် အကြမ်းဖက်သမားများသည် ဇန်နဝါရီ ၇ ရက် ညနေ ပိုင်းတွင် အထိနာစွာဆုတ်ခွာသွားခဲ့ပြီး ၎င်းတို့ထံမှ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။
တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များအနေဖြင့် နတ်သံကွင်းမြို့တွင်းနှင့် ပတ်ဝန်းကျင် တစ်ဝိုက်အား လိုအပ်သည့်နယ်မြေလုံခြုံရေးနှင့် မိုင်း ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သမားများ၏ လူမဆန်စွာ ဖျက်ဆီးမီးရှို့ခြင်း ဆောင်ရွက်ခဲ့သည့် မြို့တွင်းရှိ လူနေအဆောက်အအုံ များ၊ အစိုးရရုံးများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ အဖွဲ့အစည်းပိုင် နေအိမ်နှင့် အဆောက်အအုံများ ပျက်စီးနေခြင်းတို့အား တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေ ဖြင့် နတ်သံကွင်းဒေသအတွင်း အကြမ်းဖက်သမား များ စိုးမိုးမှုမရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့်နယ်မြေလုံခြုံ ရေးလုပ်ငန်းများအား ဆက်လက်ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်