
တိုကျို ဇန်နဝါရီ ၅
ဇန်နဝါရီ ၂ ရက်က ဂျပန်နိုင်ငံ တိုကျိုဟာနီဒါ လေဆိပ်တွင် မီးလောင်လျက်ရှိသောJAL ခရီးသည်တင် ဂျက်လေယာဉ်ပေါ်မှ ခရီးသည် ၃၇၉ ဦးလုံးကို အချိန် ၁၈ မိနစ်တည်းဖြင့် ဘေးအန္တရာယ်ကင်းစွာ ကယ်ဆယ်နိုင်ခဲ့ပုံကို နိုင်ငံတကာသတင်းမီဒီယာအချို့က အံ့သြဖွယ်ဖြစ်ရပ်အဖြစ် တင်စားဖော်ပြ ခဲ့ကြသည်။
JAL ခရီးသည်တင် ဂျက်လေယာဉ်သည် ဂျပန် ကမ်းခြေစောင့် လေယာဉ်နှင့် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၇ မိနစ်က ဝင်တိုက်ခဲ့ပြီး ပြေးလမ်း တစ်ကီလိုမီတာခန့် ချော်ခဲ့သည်။ ဂျက်လေယာဉ် ရပ်တန့်သွားချိန်တွင် လေယာဉ်မှူးများက လေယာဉ် မီးလောင်နေသည်ကို သတိထားခဲ့မိဟန်မတူပေ။
သို့သော်လည်း မီးခိုးများက လေယာဉ်ခန်းတစ်ခု လုံး စတင်ဖုံးလွှမ်းသွားခဲ့သည်။ မီးခိုးများအရှေ့ပိုင်း ဆီမှ ပျံ့နှံ့ဝင်ရောက်လာကြောင်း၊ မီးခိုးများကို တစ်စက်တလေမှ ရှူမိမည်ဟုမထင်ကြောင်း အမျိုးသမီး ခရီးသည်တစ်ဦးက ပြောသည်။
ထိုသို့သောအခြေအနေတွင် လေယာဉ်အမှုထမ်း များသည် ၎င်းတို့၏ပစ္စည်းများကို အနောက်တွင် ထားလျက် ခရီးသည်များကို စိတ်တည်ငြိမ်ရန် ညွှန်ကြားခဲ့ပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ သည်။
လေယာဉ်အမှုထမ်းအကြီးအကဲက လေယာဉ် မှူးအခန်းကို မီးလောင်နေပြီဖြစ်ကြောင်း သတင်း ပို့ခဲ့သည်။ လေယာဉ်မှူးအခန်းအနီး လေယာဉ် ရှေ့ပိုင်းထွက်ပေါက်နှစ်ခုမှ ခရီးသည်ကယ်ဆယ်မှု များကို အလျင်အမြန်လုပ်ဆောင်ခဲ့သည်။ ကျန်ရှိ နေသော ထွက်ပေါက်ခြောက်ခုအနက် ငါးခုမှာ မီးလောင်ပိတ်မိနေသည်။ လေယာဉ်နောက်ဘက် တွင် အရေးပေါ်ထွက်ပေါက်တစ်ခုတည်းသာ ကျန်ရှိ သည်။ လေယာဉ်အမှုထမ်းတစ်ဦးသည် အရေးပေါ် ထွက်ပေါက်တစ်ပေါက်ကို ဖွင့်ရန် လေယာဉ်မှူးခန်းမှ ခွင့်ပြုချက်ရယူရန်လိုအပ်သော်လည်း လေယာဉ် ရှေ့ခန်းရှိ စကားပြောဆက်သွယ်မှုစနစ်လည်း ပြတ်တောက်လျက်ရှိသည်။ လေယာဉ်အမှုထမ်း သည် လေယာဉ်မှူးကို ဆက်သွယ်ရန် ကြိုးစားခဲ့ သော်လည်း အကယ်၍ ဆက်သွယ်၍မရခဲ့ပါကတစ်ခုတည်းသောနည်းလမ်းမှာ တံခါးကိုဖွင့်ရန် ဖြစ်သည်။
ယခုကဲ့သို့ ခရီးသည်များကို အောင်မြင်စွာ ကယ်ထုတ်ရန်မှာ လေယာဉ်ပေါ်လိုက်ပါလာသော ခရီးသည်များ၏ ပူးပေါင်းမှုများပါဝင်ကြောင်း လေယာဉ်အမှုထမ်း အီဂါမီက ပြောသည်။ လေယာဉ် ပေါ်မှ ခရီးသည်များကို ကယ်ထုတ်နေချိန်တွင် မည်သူမျှ ခရီးဆောင်အိတ် ကိုယ်နှင့်အတူ မရှိ ကြောင်းနှင့် ညွှန်ကြားချက်ကို အတိအကျလိုက်နာ ခြင်းကြောင့် ခရီးသည်များကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အီဂါမီက ပြောသည်။
လေယာဉ်မှူးမှာ လေယာဉ်ပေါ်မှ နောက်ဆုံး ဆင်းသူဖြစ်ကြောင်းနှင့် လေယာဉ်ဆင်းသက်ပြီး ၁၈ မိနစ်အကြာ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၀၅ မိနစ်တွင်မှ လေယာဉ်ပေါ်မှ ဆင်းလာခဲ့သူ ဖြစ်သည်။
လေယာဉ်အမှုထမ်းများ၏ ဖြစ်ပေါ်လာနိုင်သော အရေးပေါ်ကိစ္စရပ်များကို စိတ်ရောကိုယ်ပါနစ်မြုပ် လုပ်ကိုင်ခဲ့သည့်အတွက် ယခုလို ကယ်ဆယ်မှု အောင်မြင်ခဲ့ရခြင်းဖြစ်ကြောင်း၊ လေယာဉ်အမှုထမ်း များအတွက် စုစုပေါင်း ထွက်ပေါက်သုံးခုတည်းဖြင့် ခရီးသည်အားလုံးကို ကယ်ထုတ်နိုင်ရန်ဆိုသည်မှာ အလွန်ခက်ခဲသော လုပ်ရပ်ဖြစ်ကြောင်း၊ လေယာဉ် အမှုထမ်းများ၏ လေ့ကျင့်မှုနှင့် ပိုင်းခြားနိုင်စွမ်း ဆင်ခြင်တုံတရားတို့က ယခုလို ခရီးသည်များ လွတ်မြောက်လာခြင်း၏ အရေးပါသော အစိတ် အပိုင်းတစ်ခုဖြစ်ကြောင်း အီဂါမာက ပြောသည်။
အင်န်အိတ်ချ်ကေ