မြောက်ဦးမြို့ မြောင်းဘွေကျေးရွာအနီးဝန်းကျင်နှင့် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာနှစ်ရွာကို တပ်မတော်မှလေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သားများသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိဟု ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာများတွင် ဖြန့်ဝေလ

 

နေပြည်တော်  ဒီဇင်ဘာ  ၂၉ 
ရခိုင်ပြည်နယ်   မြောက်ဦးမြို့နယ်    မြောင်းဘွေ ကျေးရွာ အနီးပတ်ဝန်းကျင်ကို ဒီဇင်ဘာ ၂၈ ရက်တွင် တပ်မတော်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်းကြောင့်  အရပ်သားငါးဦး  သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် RFA မှ ကောလာ ဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာပေါ် တွင်   ရေးသားဖြန့်ဝေလျက်ရှိသည်ကို    တွေ့ရှိရ သည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေး တွေ့ရှိချက်အရ   AA  သောင်းကျန်းသူအဖွဲ့သည် မြောင်းဘွေရဲစခန်းနေရာအား Drone များအသုံးပြု၍ အဝေးမှလာရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များက  Drone Gun များဖြင့်  တန်ပြန်အသုံးပြု တိုက်ခိုက်ခဲ့မှုကြောင့် ၎င်းတို့၏  Drop   ဗုံးသီးများ ဝန်းကျင်ကျေးရွာများအနီး ကျရောက်ပေါက်ကွဲခြင်း များရှိကြောင်းနှင့်   တပ်မတော်မှ   ၎င်းရက်တွင် လေကြောင်းတိုက်ခိုက်မှု   ပြုလုပ်ခြင်းမရှိကြောင်း သိရှိရသည်။
အလားတူ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ရှိ ကျေးရွာနှစ်ရွာကို ဒီဇင်ဘာ ၂၈ ရက် ညပိုင်းတွင် တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူငါးဦး သေဆုံးပြီး ကလေးငယ်နှစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း       အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media မှ  ကောလာဟလသတင်းများကို   လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါ  သတင်းနှင့်ပတ်သက်၍  သက်ဆိုင်ရာ နယ်မြေမှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်း ချက်အရ  ဘူးသီးတောင်မြို့နယ်အတွင်း  နယ်မြေ ဒေသတည်ငြိမ်အေးချမ်းရေးအတွက်   လုံခြုံရေး တာဝန်များ   ထမ်းဆောင်လျက်ရှိသည့်   လုံခြုံရေး တပ်ဖွဲ့ဝင်များအား  AA  သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့မှုကြောင့် ပြည်သူများနေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရပြီး အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းနှင့်     လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု မရှိကြောင်း သိရှိရသည်။
အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများအနေ ဖြင့်  AA  သောင်းကျန်းသူအဖွဲ့၏  လုပ်ရပ်များကို ဖုံးကွယ်ပေးရန်၊  နိုင်ငံတကာစာမျက်နှာများတွင် တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ဒေသခံ တိုင်းရင်းသားပြည်သူများမှ     တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန် တစ်ဖက်သတ်စွပ်စွဲကာ သတင်းမှားများ လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။       
သတင်းစဉ်